ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီ

    ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံ အသီးသီးက ပြန်ရောက်လာသူ (၅၀၀)ကျော်ကို မိမိတို့ရဲ့ Quarantine စင်တာမှာ အဆင်ပြေစွာ နေထိုင်၊ စားသောက်နိုင်စေဖို့ မေတ္တာဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ တစ်ချိန်က မလေးရှား အကျဉ်းထောင်မှာ အထိန်းသိမ်း ခံထားရသူတွေကို သွားရောက်တွေ့ဆုံပြီး ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ကို အိမ်ပြန်နိုင်ဖို့ အတွက် ကူညီပေးခဲ့ ဖူးပါတယ်။ ဒါကြောင့်မို့ အထိန်းခံ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေကို ပိုပြီးတော့ သိနေခဲ့ပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်[…]