ICU/HDU ဧရာဝတီစင်တာသို့ ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေး – ICU/HDU ကုန်ကျစရိတ်အတွက် ဧရာဝတီဘဏ်နှင့် မက်စ်မြန်မာအုပ်စုတို့မှ ငွေကျပ် သိန်း(၁၅၀၀၀) ထပ်မံမတည်လှူဒါန်း

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အောက်တိုဘာ (၇)ရက်နေ့မွန်းလွဲပိုင်းက မကြာမီဖွင့်လှစ်မည့် (၇၅)ကုတင်ဆံ့ ICU/HDU ဧရာဝတီ စင်တာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ICU/HDU အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံ လိုအပ်ချက်သော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူဖြည့်တင်းလျက်ရှိရာ များပြားလှသော ကုန်ကျစရိတ်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း(၁၀၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၅၀၀၀) ထပ်မံ၍ မတည်လှူဒါန်းခဲ့ပါသည်။ ICU/HDU ကို ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ[…]

ဧရာဝတီတိုင်းဒေသကြီးအတွက် ငွေကျပ် (၃၅၈)သိန်းတန်ဖိုးရှိ Covid-19 ကူးစက်မှု ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

   ဧရာဝတီတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြိုးပမ်းဆောင်ရွက်မှုကို အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ဧရာဝတီဖောင်ဒေးရှင်းက တတိယအကြိမ် လှူဒါန်းမှုအဖြစ် ငွေကျပ် (၃၅၈)သိန်းတန်ဖိုးရှိ Covid-19 ကူးစက်မှု ကာကွယ်ရေးပစ္စည်းများကို တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးလှမိုးအောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် Medical Recommanded PPE အစုံ (၈၀၀)၊ Volunteer PPE အစုံ (၁၀၀၀)၊ N95 Mask အခုရေ (၁၀၀၀)၊ Mask အခုရေ (၁၅၀၀၀၀)၊ လည်ရှည်ဖိနပ် အရံ(၁၂၀)၊ Hand Sanitizer ဘူး (၇၂၀)နှင့် ကလိုရင်းပိုးသတ်ဆေးရည် (၁၅)ပုံးတို့ကို ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။