Covid-19 ကာကွယ်ကုသရေး ဆောင်ရွက်နေသော တောင်ဥက္ကလာပ ဆေးရုံကြီးသို့ ငွေကျပ်သိန်း(၁၀၀)နှင့် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

   ဧရာဝတီဖောင်ဒေးရှင်းမှ မအိမ့်မှူးဇော်နှင့် မောင်ရဲမာန်ဇော်တို့သည် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တောင်ဥက္ကလာပဆေးရုံကြီး၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ငွေကျပ်သိန်း(၁၀၀)နှင့် လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။