အောက်တိုဘာ (၇) ရက်က စတင်ဖွင့်လှစ်ခဲ့သော ICU/HDU ဧရာဝတီစင်တာသို့ ကုန်ကျစရိတ်အတွက် ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း(၁၀,၀၀၀) ထပ်မံမတည်လှူဒါန်း

        ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့တာဝန်ရှိသူများ ဖွင့်လှစ်ပေးခဲ့သည့် (၇၅)ကုတင်ဆံ့ ICU/HDU ဧရာဝတီစင်တာသို့ ဧရာဝတီဘဏ်မှ လိုအပ်သည်များကို ထပ်မံမတည်လှူဒါန်းခဲ့ပါသည်။ ICU/HDU အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး ထပ်မံ လိုအပ်ချက်ရှိသော စက်ပစ္စည်း၊ ဆေးဝါးနှင့် ကာကွယ်ရေးပစ္စည်းများ၊ အောက်စီဂျင်စက်များကို ပြည်တွင်းပြည်ပမှ ဝယ်ယူဖြည့်တင်းလျက်ရှိရာ များပြားလှသော ကုန်ကျစရိတ်အတွက် ဧရာဝတီဖောင်ဒေးရှင်းသို့ ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း(၁၀,၀၀၀)၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၅၀၀၀) ထပ်မံ၍ မတည်လှူဒါန်းခဲ့ပါသည်။ ICU/HDU ကို ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် အနီးကပ်ကြပ်မတ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြစိုးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါက်တာအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၁၅၀)ကျော်တို့က စက်ပစ္စည်းကိရိယာ စုံလင်စွာဖြင့် အရေးပေါ်လူနာများကို[…]