ဧရာဝတီဘဏ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ (၄)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကျင်းပသော ဧရာဝတီဘဏ်လီမိတက်၏ (၄)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ဧရာဝတီဘဏ်၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဦးဇော်ဇော် (Founder and Chairman) မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံဘဏ်များအသင်း၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌအဖြစ် ဧရာဝတီဘဏ်လီမိတက်၏ အမှုဆောင် ဥက္ကဋ္ဌ ဒေါ်ခင်စောဦး (Executive Chairman) အား ရွေးချယ်ခံရခြင်းအတွက် ဧရာဝတီဘဏ် အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများမှ မိမိတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် လက်ရှိအခြေအနေ အခက်အခဲများကို တင်ပြ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။