ဧရာဝတီဘဏ်မှ ခရီးသွားပြည်သူများနှင့် ဘဏ်သို့လာရောက်သည့် Customer များအား Mask များ ဝေငှခဲ့ခြင်း
ဧရာဝတီဘဏ်၏ လူမှုအကျိုးပြုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အများပြည်သူများ Mask တပ်ဆင်ရန် အတွက် အသိပညာပေး လှုပ်ရှားမှုအစီအစဉ်တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျောက်တံတားမြို့နယ်၌ တည်ရှိသည့် ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်)နှင့် ဆူးလေဘုရားအနီး တစ်ဝိုက်၌ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အစပျိုး ဖြစ်ပွားနေပြီဖြစ်သည့် Covid-19 ၏ Omicron မျိုးစိတ်သစ် ပျံ့နှံ့လာမှုကို ပြည်သူအများ သတိထား ကာကွယ်နိုင်ရန်နှင့် နေအိမ်ပြင်ပတွင် လှုပ်ရှား သွားလာနေစဉ်ကာလအတွင်း Mask များအား အစဉ်အမြဲ တပ်ဆင်စေရန် ရည်ရွယ်၍ ဧရာဝတီဘဏ်အနေဖြင့် ဝန်ထမ်းများမှ ဆူးလေဘုရားအနီးဝန်းကျင်တစ်ဝိုက်ရှိ လှုပ်ရှားသွားလာ နေသည့် ပြည်သူများနှင့် ဘဏ်သို့ လာရောက်သည့် Customer များအား ဝေငှခဲ့ခြင်းဖြစ်ပါသည်။ ဧရာဝတီဘဏ်သည် ယင်းကဲ့သို့ အသိပညာပေး လှုပ်ရှားမှုအစီအစဉ် ပြုလုပ်ခြင်းဖြင့် နိုင်ငံ၏[…]