ဧရာဝတီဘဏ် ဝန်ထမ်းများအား COVID-19 ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ခြင်း

ဧရာဝတီဘဏ်လီမိတက်၏ ဝန်ထမ်းများ ကိုယ်ခံအားစနစ်ပိုမိုအားဖြည့်နိုင်ရန် အတွက် ကိုရိုနာဗိုင်းရပ်စ် ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့တွင် ကျောက်တံတားမြို့နယ်ရှိ ROWE ရုံးချုပ်နှင့် အလုံမြို့နယ်ရှိ River View ရုံးချုပ်တို့၌ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်သည် ဧရာဝတီဘဏ်၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတစ်ခု အဖြစ်လည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်မှ ထိရောက်စွာကာကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် လည်းကောင်း ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၆ လနှင့်အထက် ကနဦးကာကွယ်ဆေး အကြိမ်ရေ အပြည့် ထိုးပြီးသော ရန်ကုန်ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများအားလုံးအား စာရင်းကောက်ယူကာ ထိုးနှံ ပေးခြင်းဖြစ်သည်။ သတ်မှတ်ရက်တွင် မလာရောက်နိုင်သော ဝန်ထမ်းများအတွက် စက်တင်ဘာလ ၃၀[…]