အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဧရာဝတီဘဏ် နှင့် ကုန်သည်စက်မှုအသင်းချုပ် တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
ဧရာဝတီဘဏ်သည် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI : The Union of Myanmar Federation of Chambers of Commerce and Industry) နှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ MOU ကို ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းဝင့်ဦး နှင့် ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်စေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံစီးပွားရေး ပြန်လည်[…]