ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှု အန္တရာယ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit FIU) နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော “ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲ” ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ငွေရေးကြေးရေးကဏ္ဍကို အသုံးပြု၍ ငွေကြေးခဝါချမှုအန္တရာယ်မှာ တိုင်းပြည်၏ စီးပွားရေးသာမက ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကိုပါထိခိုက်စေမှာဖြစ်ကြောင်း၊ Reporting Agencies များနှင့် ငွေကြေးအာဏာပိုင် အဖွဲ့အစည်း (Competent Authorities) သည် ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိပြီး သံသယဖြစ်ဖွယ် အချက်အလက်များကို ထိထိရောက်ရောက်သတင်းပို့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်[…]