မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ AML/CFT ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ အရေးယူရန် တောင်းဆိုသည့် စာရင်းတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ထည့်သွင်းခြင်းခံရသောကြောင့် အဆိုပါစာရင်းမှ အမြန်ဆုံး ထုတ်ပယ်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥက္ကဌသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ကို ဦးဆောင်လျက်ရှိပါသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် လုပ်ငန်းအဖွဲ့၏ လှုပ်ရှားမှုများအကြောင်း ဆက်လက်ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။