AYA Environmental Care Activity

ဧရာဝတီဘဏ်၏ CSR လှုပ်ရှားမှုဖြစ်သည့် သဘာဝပတ်ဝန်းကျင်အလေးထားအစီအစဉ်အား ပဲခူးမြို့တွင် ကျင်းပခဲ့ ဧရာဝတီဘဏ်၊ Corporate Affairs ဌာနမှ ဦးဆောင်၍ ဧရာဝတီဘဏ် ဝန်ထမ်းမောင်နှမများသည် သဘာဝပတ်ဝန်းကျင်စိမ်းလန်းမှု ထိန်းသိမ်းရန်အတွက် ဧရာဝတီဘဏ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့လှုပ်ရှားမှု သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်အား သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းမှု ပရဟိတစီမံကိန်း ဆောင်ရွက်နေသည့် ပဲခူးတိုင်းဒေသကြီး ဝေဠုဝန် ကျောင်းတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ဧရာဝတီဘဏ်မှ လှူဒါန်းသည့် အလှူငွေ အား ပဲခူးတိုင်း၊ ကျောက်တန်းစံပြရွာ၊ ဝေဠုဝန် စာသင်တိုက် ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း၏ ကျောင်းအုပ် ဆရာတော် ဒေါက်တာ အရှင်ပညောဘာသထံ လှူဒါန်းခဲ့ပြီး ဇွန်လဖွား ဧရာဝတီဘဏ် ဝန်ထမ်းများကလည်း အလှူငွေများ[…]

ဧရာဝတီဘဏ်ဝန်ထမ်းများ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗုဒ္ဓဂါယာသို့ နှစ်သစ်ကူး ကုသိုလ်ဒါနအဖြစ် ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့ခြင်း

   ဧရာဝတီဘဏ်ဝန်ထမ်း(၁၀ဝ)ဦးသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗုဒ္ဓဂါယာ (သံဝေဇနိယ (၄)ဌာန)သို့ ဘုရားဖူးခရီး သွားရောက်ခဲ့ရာ ၁၂-၁၂-၂၀၁၇ ရက် နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်(ထွက်ခွာ)သို့ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဇော်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမတို့မှ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ဧရာဝတီဘဏ်ဝန်ထမ်းများ၏ ဗုဒ္ဓဂါယာခရီးစဉ်သည် Anoma Travel Incentive ၏ စီစဉ်မှုဖြင့် သွားရောက် ခဲ့ပြီး (၆)ညအိပ် (၇)ရက်ခရီးအဖြစ် ရန်ကုန် – ဗုဒ္ဓဂါယာ – ရာဇဂြိုလ် – ဝေသာလီ – ကုသိနာရုံ – လုမ္ပနီ – သာဝတ္ထိ – ဗာရာဏသီမြို့များရှိ အထင်ကရနေရာများသို့ သွားရောက် လှည့်လည်[…]

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု Oxford ဆရာတော်၊ ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ DPhil (Oxford)၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မောဒယဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ၏ စီးပွါးရေးလုပ်ငန်းအတွက် ကြံ့ကြံ့ခံနိုင်မှု နှင့် သတိပဌာန်အခြေခံကရုဏာ၊ Mindful Compassion and Resilience for Business တရားပွဲကို ကျင်းပခဲ့

၂၀၁၈ခုနှစ် မတ်လ (၁၁)ရက်၊ တနင်္ဂနွေနေ့ နံနက်(၈)နာရီမှမွန်းလွဲ(၁)နာရီခွဲအထိ၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ၊ ဧရာတီဘဏ်ရုံးချုပ်၌ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု Oxford ဆရာတော်၊ ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ DPhil (Oxford)၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ ပရိယတ္တိ သဒ္ဓမ္မောဒယဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ၏ စီးပွါးရေးလုပ်ငန်းအတွက် ကြံ့ကြံ့ခံနိုင်မှု နှင့် သတိပဌာန်အခြေခံကရုဏာ၊ Mindful Compassion and Resilience for Business တရားပွဲကို ကျင်းပခဲ့ရာ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော် အမှူးပြုသော ဝန်ထမ်းမိသားစုများက စည်ကားသိုက်မြိုက်စွာ သြဝါဒခံယူ ခဲ့ကြသည်။ ဆရာတော် အရှင်သူမြတ်က “ဘယ်လောက်ပဲ ပညာတွေတတ်တတ်၊ ဘယ်လောက်ပဲ အတွေ့အကြုံတွေရှိရှိ၊ ဘယ်လောက်ပဲ လေ့ကျင့်သင်ယူထားထား၊[…]

ဧရာဝတီဘဏ်က မော်တော်ယာဉ်ဝယ်ရာတွင် ဈေးအသက်သာဆုံးဖြစ်စေသည့် အစီအစဉ်ကို စတင်မိတ်ဆက်

ဧရာဝတီဘဏ်၏ မော်တော်ယာဉ်အရစ်ကျဝယ်ယူခြင်း ချေးငွေသည် ငွေရေးကြေးရေးအရ သုံးစွဲသူများ နှစ်သက်ရာမော်တော်ယာဉ်များကို အလွယ်ကူဆုံး အချောမွေ့ဆုံး ဝယ်ယူနိုင်စေ မြန်မာနိုင်ငံရှိ အများပြည်သူ၏ စိတ်ချယုံကြည်မှုကို အပြည့်အဝရရှိနေသော ဧရာဝတီဘဏ်သည် အသက်(၂၀) နှစ်နှင့်အထက်ရှိသော မည်သည့် မြန်မာနိုင်ငံသားမဆို မိမိနှစ်သက်ရာ မော်တော်ယာဉ် တစ်စီးကို သက်တောင့် သက်သာရှိစွာ ဝယ်ယူနိုင်ရန် အရစ်ကျငွေပေးချေခြင်း အစီအစဉ် ကိုစတင်မိတ်ဆက်လိုက် ကြောင်းကြေညာ လိုက်သည်။ဧရာဝတီဘဏ်၏ မော်တော်ယာဉ်အရစ်ကျငွေပေးချေခြင်း အစီအစဉ်သည် သုံးစွဲသူတစ်ဦးအနေနှင့် မော်တော် ယာဉ်အသစ် (သို့) တပတ်ရစ်မော်တော်ယာဉ် တစ်စီးကိုဝယ်ယူရန် ပံ့ပိုးပေးသော ချေးငွေအစီအစဉ်ဖြစ်သည်။ သုံးစွဲသူများအနေနှင့် စရန်ငွေပေးချေပြီး ကျန်ရှိသောပမာဏကို ဘဏ်ကထုတ်ချေး၍ သုံးစွဲသူများကလစဉ် အရစ်ကျငွေပေးချေသော အစီအစဉ်ဖြစ်သည်။ သုံးစွဲသူများသည် ပထမဦးစွာဝယ်ယူလိုသည့် မော်တော်ယာဉ် တန်ဖိုး၏ ၃၀% ကိုစရန်ငွေအဖြစ် ပေးချေရမည်ဖြစ်သည်။ ကျန်ရှိနေသော ပမာဏကိုလစဉ်ပေးချေရာတွင်[…]

ဧရာဝတီဘဏ် (၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၇) ကြိမ်မြောက် နှစ်စဉ် စုပေါင်း ဇိဝိတဒါန သွေးလှူဒါန်းခြင်း အတွက် ကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ်

ဧရာဝတီဘဏ်ရှိ ဝန်ထမ်းများသည် အလွန်မွန်မြတ်သော အသက်ကယ်ဒါန (ဇီဝိတဒါန) ဖြစ်သည့် သွေးလှူခြင်းကို နှစ်စဉ်နှစ်တိုင်း စုပေါင်းလှူဒါန်းကြသည်။ (၇) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ကို ၂၀၁၇ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ သွေးလှူဘဏ်တွင် ကျင်းပမည်ဖြစ်ရာ AYA Financial Group၊ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘဏ်ခွဲများ၊ ဧရာမြန်မာ အာမခံ လုပ်ငန်း၊ ဧရာထရပ်(စ်)စတော့လုပ်ငန်း နှင့် မက်(စ်)မြန်မာဟိုးဒင်း ကုမ္ပဏီလိမိတက် တို့မှ ဝန်ထမ်းပေါင်း (၇၀ဝ) ကျော် က စုပေါင်း သွေးလှူဒါန်းကြရန် စာရင်း ပေးသွင်းထားသည်။ သို့ဖြစ်ပါ၍ ဘဏ်သည် ၂၀၁၇ခုနှစ် သြဂုတ်လ (၁) (၂) နှင့် (၃) ရက်များတွင် Malaysia Healthcare ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အား[…]

ဧရာဝတီဘဏ် မိသားစုက သံဃာတော် အရှင်သူမြတ်များကို ဝါတွင်းဆွမ်း ဆက်ကပ်လှူဒါန်း။

အလှူရေစက် လက်နှင့်မကွာ အမြဲရှိသော ဧရာဝတီဘဏ်မိသားစုသည် ယခုလို မိုးသည်းထန်စွာ ရွာသွန်းသော ဝါတွင်းအခါသမယတွင် သံဃာတော် အရှင်သူမြတ်များ အဆင်ပြေ လွယ်ကူစွာ ဆွမ်းအဟာရ ဘုန်းပေးနိုင်စေရန် ကျောက်တံတားမြို့နယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်ရှေ့တွင် မြသိန်းတန်ကျောင်းတိုက်မှ ဆရာတော်ဘုရားကြီး ဦးဇာဂရအမှူးထားသော သံဃာတော် အရှင်သူမြတ် အပါး (၅၀) ကို ဝါတွင်းဆွမ်း စီတန်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ဧရာဝတီဘဏ် မိသားစုသည် ဝါတွင်းဆွမ်းအလှူဒါနကို ဆွမ်းခံကြွသံဃာတော်အရှင်သူမြတ်များကို သာမက မြို့နယ်ဓမ္မာရုံတွင် ပင့်သံဃာတော်များကိုပါ တစ်ပတ်လျှင် နှစ်ကြိမ်တိတိ ဝါတွင်း(၃)လလုံးတွင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ ကုသိုလ်ကို အများပြည်သူသို့ အမျှဝေပါသည်။

ဧရာဝတီဘဏ်၏ ဘဏ်တည်ထောင်ခြင်း (၇) နှစ်ပြည့် အထိမ်းအမှတ်

ဧရာဝတီဘဏ်၏ ဘဏ်တည်ထောင်ခြင်း (၇) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ၂၀၁၇ခုနှစ် သြဂုတ်လ ၁၁ ရက်(သောကြာနေ့) တွင် ဘဏ်၏ ဝန်ထမ်းများ နှင့် အုပ်ချုပ်ရေးပိုင်း အကြီးအကဲများသည် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်၍ ပန်းဆီမီးများကပ်လှူပူဇော်၍ ဝေယျာဝစ္စများဖြင့် ကုသိုလ်ပြုကြသည်။ ထို့နောက် ကျောက် တံတား မြို့နယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်ရှေ့တွင် သံဃာတော် အရှင်သူမြတ်အပါး (၅၀) ကို တန်းဆွမ်းလောင်းလှူပြီးလျှင် ရုံးချုပ်၌ပင် ပင့်သံဃာ (၅) ပါးကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ နေ့လယ်တွင် ဧရာဝတီဘဏ် ဥက္ကဌ ဦးဇော်ဇော်ကြီးမှူး၍ ဌာနဆိုင်ရာ အကြီးအကဲများ ဘဏ်ဝန်ထမ်းများ ဘဏ် စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ တာဝန်ထမ်းဆောင်လျှက်ရှိသည့် လုပ်သက်ရင့် ဝန်ထမ်းများ နှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာ ထမင်းလက်ဆုံစားပွဲကျင်းပခဲ့သည်။[…]

၂၀၁၇ခုနှစ် သြဂုတ်လ ၂၂ ရက် (အင်္ဂါနေ့) ဧရာဝတီဘဏ် ဥက္ကဌ ဦးဇော်ဇော် ၏ နှစ် (၅၀) ပြည့် ရွှေရတု မွေးနေ့ တစ်နေ့တာ

   မက်စ်မြန်မာ ဟိုးဒင်းကုမ္ပဏီလိမိတက်၊ AYA Financial Group ဖြစ်သည့် ဧရာဝတီဘဏ်၊ ဧရာမြန်မာအာမခံ၊ AYA Trust Securities၊ Novotel Yangon Max Hotel တို့မှ ဝန်ထမ်းများ နှင့် ၎င်း၏ မိသားစုသည် အများပြည်သုူအတွက် ပရဟိတလုပ်ငန်းများ နှင့် နိုင်ငံတော်အတွက် တိုင်းကျိုးပြည်ပြု လုပ်ငန်း များကို တာဝန်သိနိုင်ငံ့သားကောင်း တစ်ယောက်ပီပီ မိမိလုပ်ငန်းများဖြင့် မအားမလပ်သည့်ကြားမှ မရပ်မနားတတပ်တအား အမြဲကြိုးစားလုပ် ဆောင်နေသူ ဥက္ကဌနှင့်အတူ ကုသိုလ်ဖြစ် အလှူအတန်းများဖြင့် ဒါနပြုခြင်း၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် မိတ်ဆုံစားခြင်း ၊ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံနှတ်ဆက်ပြီး ဘောလုံးကစားပွဲကျင်းပခြင်း၊ ဘုရားဆီမီးပူဇော် ဝတ်ပြုခြင်း စသည့် အထူးအစီအစဉ်များဖြင့် မွေးနေ့မွေးနံကျသည့် ရွှေရတုမွေးနေ့ပွဲကို ပျော်ရွှင်စွာအတူတကွ[…]

ဧရာဝတီဘဏ်မိသားစု၏ နှစ်စဉ်စုပေါင်း သွေးလှူပွဲအခမ်းအနား

ယနေ့ ၂၀၁၇ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့ စနေနေ့တွင် ဧရာဝတီဘဏ်၏ ဘဏ်တည်ထောင်ခြင်း (၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧရာဝတီဘဏ် မိသားစု၏ နှစ်စဉ် စုပေါင်း သွေးလှူပွဲအခမ်းအနားကျင်းပရာ ရန်ကုန်မြို့ အမျိုးသား သွေးဌာန၌ ဝန်ထမ်းမိသားစုပေါင်း (၃၀ဝ) ဦးက သတ္တမအကြိမ်မြောက် သွေးလှူဒါန်း ခြင်း ဇီဝိတဒါနပြုခဲ့ကြသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော်ကိုယ်စား၊ ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က ဧရာဝတီဘဏ်အနေနှင့် လူထုအကျိုးပြု ပရဟိတ လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်လျှက်ရှိရာ ယခုကဲ့သို့ နှစ်စဉ်သွေးလှူဒါန်းခြင်းလည်း ပါဝင်ပါကြောင်း၊ လူငယ်လူရွယ် ဝန်ထမ်းများစွာဖြင့် ဖွဲ့စည်းထားသောဘဏ်တွင် လူငယ်များ ဤသို့ ပရဟိတစိတ်များ ရှိခြင်းသည် ထူခြားကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီး၊ အမျိုးသားသွေးဌာနကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းက[…]

Auto Draft

ဧရာဝတီဘဏ်က မြန်မာ့ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးကဏ္ဍတွင် နိုင်ငံတကာမှ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများကို အသုံးပြုနိုင်စေရေး တိုက်တွန်းအားပေး နေပြည်တော်၊မြန်မာ။ ၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၅ရက်။ ၂၀၁၇ခုနှစ် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရင်းနှီးမြှပ်နှုံမှု ညီလာခံတွင် ဧရာဝတီဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်နှင့်ဥက္ကဌ၏ အကြံပေး ဖြစ်သူ Mr. Azeem Azimuddin သည် ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှုံမှုကဏ္ဍမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် အတူတက်ရောက်၍ ဘဏ်၏ရည်မှန်းချက်များ စီးပွား ရေးဘဏ္ဍာရေးဆိုင်ရာ ရှုထောင့်များကို မျှဝေခဲ့သည်။ နေပြည်တော်တွင် ကျင်းပခဲ့သော ယင်းညီလာခံတွင် Mr. Azimuddin က မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍတွင် အများပြည်သူအားလုံး ဘဏ်နှင့်ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ၏ အကျိုးကို ရရှိခံစားနိုင်တော့မည့် အလားအလာကောင်းများ နှင့် ယင်းအချက်ကြောင့် ပေါ်ထွန်းလာမည့် မြန်မာ့စီးပွားရေး နှင့်[…]

ဧရာဝတီဘဏ်၊ ဧရာမြန်မာအာမခံ နှင့် AYA Trust ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး တို့၏ အဋ္ဌမ အကြိမ်မြောက် စုပေါင်းသက်ကြီးပူဇော်ပွဲနှင့် ဝါကျွတ်ကန်တော့ပွဲ အခမ်းအနား

၂၀၁၇ခုနှစ် အောက်တိုဘာလ (၁၀) ရက် အင်္ဂါနေ့တွင်၊ AYA Financial Group (ခေါ်) ဧရာဘဏ္ဍာရေး အဖွဲ့အစည်းရှိ ဥက္ကဌ ဦးဇော်ဇော်၊ ဇနီး ဒေါ် ဌေးဌေးခိုင် နှင့်တကွ အကြီးတမ်း အုပ်ချုပ်ရေးအဖွဲ့ အမှုးပြုသော ဧရာဝတီ ဘဏ်၊ ဧရာမြန်မာအာမခံ နှင့် AYA Trust ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ်ရေးတို့မှ ဝန်ထမ်း မိသားစုများက အဖွဲ့အစည်းအတွင်း၌ရှိသော ဝါရင့်ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ နှင့် လုပ်သက်ရင့် သက်ကြီး ဘဏ်ဝန်ထမ်းများကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ နှင့်အညီ ဝါကျွတ် ကန်တော့ပန်းဖြင့် ရှိခိုးဦးချဂါရဝပြုကြသည်။ ပြီးနောက် ဥက္ကဌ ဦးဇော်ဇော်က ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး အကြားတွင် မေတ္တာ ၊ပညာ၊ စေတနာ နှင့်[…]