မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ AML/CFT ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ အရေးယူရန် တောင်းဆိုသည့် စာရင်းတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ထည့်သွင်းခြင်းခံရသောကြောင့် အဆိုပါစာရင်းမှ အမြန်ဆုံး ထုတ်ပယ်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥက္ကဌသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ကို ဦးဆောင်လျက်ရှိပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ[…]

ဧရာဝတီဘဏ်၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ AML-CFT Awareness 2022 High Level Seminar

၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဧရာဝတီဘဏ် Compliance Department မှ ကြီးမှူးပြီး L&D Department နှင့် ပူးပေါင်း၍ ဘဏ်၏ BOD အဖွဲ့ဝင်များ၊ Senior Management များ၊ HOD များ၊ Division Head များအတွက် AML-CFT Awareness 2022 High Level Seminar အား Online ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Seminar တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Financial Intelligence Unit (FIU) နှင့် Bureau of Special Investigation (BSI) တို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအား ဖိတ်ခေါ်ပြီး ဆွေးနွေးမှုများ[…]

ဧရာဝတီဘဏ်၏ ဝန်ထမ်းများအတွက် ပံ့ပိုးငွေအစီအစဉ်

ဧရာဝတီဘဏ်သည် ဝန်ထမ်းများ၏ အကျိုးစီးပွားနှင့် လူနေမှုဘဝကို အလေးထားသည့် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်သည်နှင့်အညီ လက်ရှိကာလ၏ ကုန်ကျစရိတ်မြင့်မားလာမှုကို ကူညီပံ့ပိုးသည့်အနေဖြင့် “ပံ့ပိုးငွေ” (Cost of Living Support) အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ ဤအစီအစဉ်အရ ဧရာဝတီဘဏ်၏ ဝန်ထမ်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ လစာအပြင် ပံ့ပိုးငွေ ကျပ်တစ်သိန်းစီ ထပ်ဆောင်းပေးအပ်ခဲ့ပါသည်။ ပံ့ပိုးငွေအစီအစဉ်အပေါ် ဝန်ထမ်းများ၏ စကားသံ မချစ်ချစ်ဇော်အခြေခံဝန်ထမ်း (ဧရာဝတီဘဏ်)လုပ်သက် (၈) နှစ် “ခုလို အစစကျပ်တည်း နေချိန်မှာ ဝန်ထမ်းတိုင်းအတွက် ပံ့ပိုးငွေ တစ်သိန်းစီ ရလို့ အိမ်စရိတ်ကာမိသွားတယ်။ အထူးသဖြင့် ကလေးအမေအနေနဲ့ သမီးလေး အထွေထွေစရိတ် မပူရတော့လို့ ဝန်ထမ်းတွေအတွက် စဉ်းစားပေးတဲ့ ဧရာဝတီဘဏ် ဥက္ကဋ္ဌနဲ့ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။”[…]

မြန်မာနိုင်ငံဘဏ်များအသင်းမှ (AML/CFT)ဆိုင်ရာ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ” နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အသင်းဝင် ဘဏ်အသီးသီးသို့ ဖြန့်ဝေခဲ့ပါသည်။ […]

ဧရာဝတီဘဏ် ဝန်ထမ်းများအား COVID-19 ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ခြင်း

ဧရာဝတီဘဏ်လီမိတက်၏ ဝန်ထမ်းများ ကိုယ်ခံအားစနစ်ပိုမိုအားဖြည့်နိုင်ရန် အတွက် ကိုရိုနာဗိုင်းရပ်စ် ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့တွင် ကျောက်တံတားမြို့နယ်ရှိ ROWE ရုံးချုပ်နှင့် အလုံမြို့နယ်ရှိ River View ရုံးချုပ်တို့၌ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်သည် ဧရာဝတီဘဏ်၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတစ်ခု အဖြစ်လည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်မှ ထိရောက်စွာကာကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် လည်းကောင်း ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၆ လနှင့်အထက် ကနဦးကာကွယ်ဆေး အကြိမ်ရေ အပြည့် ထိုးပြီးသော ရန်ကုန်ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများအားလုံးအား စာရင်းကောက်ယူကာ ထိုးနှံ ပေးခြင်းဖြစ်သည်။ သတ်မှတ်ရက်တွင် မလာရောက်နိုင်သော ဝန်ထမ်းများအတွက် စက်တင်ဘာလ ၃၀[…]

ဧရာဝတီဘဏ်၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ (AML/CFT) လုပ်ငန်းစဉ်များ

ဧရာဝတီဘဏ်လီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ (AML/CFT) လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မိမိဘဏ်၏ စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်း အဆင့်ဆင့် အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေး အစီအစဉ်များ၊ အကောင်အထည်ဖော် လုပ်ဆောင်မှုများအား စဉ်ဆက်မပြတ် ချမှတ် ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် ဘဏ်၏ စီမံအုပ်ချုပ်သူများ၊ သက်ဆိုင်ရာဌာနများမှလည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာ (AML/CFT) ၏ အရေးကြီးပုံကို ကောင်းစွာ နားလည် သဘောပေါက်ပြီး သက်ဆိုင်သည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ကာ ရှေ့ဆက် ဆောင်ရွက်သွားခြင်း၊ ဘဏ်၏ Board Risk and Compliance Committee ကလည်း လစဉ် အစည်းအဝေးများပြုလုပ်ပြီး လိုအပ်သည့် လမ်းညွှန်မှုများ၊[…]

မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွားများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီ

          ဦးဇော်ဇော်၏ သား၊ သမီးနှင့် သူငယ်ချင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခက်အခဲ အကျပ်အတည်း ရှိနေသော မိဘမဲ့ ကလေးငယ်များနှင့် အဘိုးအဘွား များအတွက် သွားရောက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။ ၂၀၂၀ ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာရှိ မျိုးဆက်သစ် ပရဟိတကျောင်းမှ မိဘမဲ့ နို့စို့ကလေးအရွယ် (၃၃)ဦး၊ ၄နှစ်မှ ၆နှစ်ကြား ကလေးငယ် (၆၈)ဦး၊ ကျောင်းသား (၄၂)ဦးနှင့် သံဃာတော်များအပါအဝင် စုစုပေါင်း (၁၅၂)ဦးအတွက် ဆန်၊ ဆီ၊ ကလေးနို့မှုန့်၊ ကလေးအရုပ်များနှင့် ငွေကျပ် (၁၀)သိန်းကို ဆရာတော် ဦးဓမ္မနန္ဒထံသို့ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင်[…]

ဧရာဝတီဘဏ်လီမိတက်သည် ၂၀၁ရခုနှစ်၊ ဧပြီလ ၁ဝရက်နေ့ အတွင်း ဘဏ်ခွဲအသစ် များ နေရာ အသီးသီးတွင် ထပ်မံ ဖွင့်လှစ်

ဧရာဝတီဘဏ်လီမိတက်သည် ၂၀၁ရခုနှစ် ဧပြီလ ၁ဝရက်နေ့ အတွင်း ဘဏ်ခွဲအသစ်များ နေရာ အသီးသီးတွင် ထပ်မံ ဖွင့်လှစ်ခဲ့ပြီး အထွေထွေဘဏ်ဝန်ဆောင်မှုများအား စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း မိဘပြည်သူအပေါင်းအား ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါသည်။ ၂၁၀။ လာရှိုးဘဏ်ခွဲ – ၂ ဦးပိုင်အမှတ် (၃/၄၂)၊ ရပ်ကွက်အမှတ် (၁၂)၊ နယ်မြေ (၅)၊ အကွက်အမှတ် (၂၆/ရှမ်းစျေးတန်း)၊ လာရှို်းစျေးကြီးအနီး၊ သိန္ဒီလားရှိုးလမ်းမကြီးဘေး၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်။ ဖုန်း – ၀၈၂ – ၂၂၀၄၁၃၆ မှ ၂၂၀၄၁၄၂ ထိ ၂၁၁။ ရန်ကုန် (၈၇) – Junction City ဘဏ်ခွဲ အခန်းအမှတ် (၃၅၄/အေ)၊ Junction City၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတံဂုံဘုရားလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။[…]