AYA Bank နှင့် Myanmar Retailers Association (MMRA) တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

Myanmar Retailers Association (MMRA)၏ ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဟောပြောဆွေးနွေးပွဲများ၊ လုပ်ငန်းစဉ်များတွင် ဧရာဝတီဘဏ်မှ Official Financial Partner အဖြစ် ဆောင်ရွက်ပေးသွားမည့် အကြောင်း နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၉ ခုနစ်၊ သြဂုတ်လ (၁၆)ရက်နေ့ ညနေ (၂)နာရီတွင် AYA Bank (River View Condo) ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်နှင့် MMRA ၏ ဥက္ကဌ ဦးသူရိန်ငြိမ်းတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဧရာဝတီဘဏ်မှ တာဝန်ရှိသူများ၊ MMRA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် Myanmar Retailers Association (MMRA) နှင့် လွန်ခဲ့သောနှစ်အတွင်း ပူးပေါင်းလုပ်ဆောင်ခဲ့မှုများနှင့်အတူ ရှေ့လာမည့်နှစ်တွင် ပြုလုပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသစ်များအကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ရွေးချယ်ချမှတ်ထားသည့် နယ်မြေဒေသကြီးများတွင် ကျင်းပသွားမည့် နှစ်ပတ်လည်အခမ်းအနား နှင့်ဟောပြောပွဲများ၊ Networking နှင့် Sharing Session များ၊ အသစ်တိုးချဲ့ဖွင့်လှစ်သွားမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသင်းတည်ထောင်ခြင်း အခမ်းအနားများတွင် ကူညီပံ့ပိုးပေးသွားရန် သဘောတူညီခဲ့ကြပါသည်။