ဧရာဝတီဘဏ်၏ ဝန်ထမ်းများအတွက် ပံ့ပိုးငွေအစီအစဉ်

ဧရာဝတီဘဏ်သည် ဝန်ထမ်းများ၏ အကျိုးစီးပွားနှင့် လူနေမှုဘဝကို အလေးထားသည့် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်သည်နှင့်အညီ လက်ရှိကာလ၏ ကုန်ကျစရိတ်မြင့်မားလာမှုကို ကူညီပံ့ပိုးသည့်အနေဖြင့် “ပံ့ပိုးငွေ” (Cost of Living Support) အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ ဤအစီအစဉ်အရ ဧရာဝတီဘဏ်၏ ဝန်ထမ်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ လစာအပြင် ပံ့ပိုးငွေ ကျပ်တစ်သိန်းစီ ထပ်ဆောင်းပေးအပ်ခဲ့ပါသည်။

ပံ့ပိုးငွေအစီအစဉ်အပေါ် ဝန်ထမ်းများ၏ စကားသံ


မချစ်ချစ်ဇော်
အခြေခံဝန်ထမ်း (ဧရာဝတီဘဏ်)
လုပ်သက် (၈) နှစ်
“ခုလို အစစကျပ်တည်း နေချိန်မှာ ဝန်ထမ်းတိုင်းအတွက် ပံ့ပိုးငွေ တစ်သိန်းစီ ရလို့ အိမ်စရိတ်ကာမိသွားတယ်။ အထူးသဖြင့် ကလေးအမေအနေနဲ့ သမီးလေး အထွေထွေစရိတ် မပူရတော့လို့ ဝန်ထမ်းတွေအတွက် စဉ်းစားပေးတဲ့ ဧရာဝတီဘဏ် ဥက္ကဋ္ဌနဲ့ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။”

 

 

 

 

 


မောင်ဇွဲလင်းခန့်
လုံခြုံရေး ဝန်ထမ်း (ဧရာဝတီဘဏ်)
လုပ်သက် (၉) လ

 

“မမျှော်လင့်ပဲ ပံ့ပိုးငွေ တစ်သိန်းစီ ရတော့ အရမ်းဝမ်းသာပါတယ်။ မိဘတွေကို ပိုပြီး ထောက်ပံ့နိုင်သွားတာပေါ့ ။ ဧရာဝတီဘဏ်ရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေရဲ့ စေတနာကို ကျေးဇူးအများကြီး တင်ပါတယ်။”