AYA Foreign Currency Account

November 23, 2016

AYA Foreign Currency Account

နိုင်ငံခြားငွေစာရင်း
နိုင်ငံခြားငွေစာရင်းသည် နိုင်ငံခြားငွေဖြင့် ရောင်းဝယ်ဖောက်ကား လုပ်ကိုင်နေသူတို့ကို နိုင်ငံခြားငွေ နှုန်းထားအခက်အခဲကြောင့် ဖြစ်ပေါ်လာနိုင်သော ငွေကြေးအခက်အခဲများကို ထိန်းသိမ်းလျှော့ချနိုင်ရန်နှင့် နိုင်ငံခြားငွေဖြင့် ပေးချေရာတွင် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို နည်းပါးစေရန် ရည်ရွယ်သော စာရင်းဖြစ်ပါသည်။
အကျိုးရလဒ်များ
  • နိုင်ငံခြားငွေကို လုံခြုံစွာသိမ်းဆည်းနိုင်ခြင်း။
  • နိုင်ငံခြားငွေ နှုန်းထားပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ငွေကြေးအခက်အခဲများကို ထိန်းသိမ်းလျှော့ချနိုင်ခြင်း။
  • ချက်လက်မှတ်ဖြင့် ပေးချေနိုင်ခြင်း။
  • SWIFT ငွေလွှဲ နှင့် ငွေလွှဲစာတမ်းများပြုလုပ်ရန် ဤနိုင်ငံခြားငွေစာရင်းကို အသုံးပြုနိုင်ခြင်း ဝန်ဆောင်မှုတို့ရရှိပါ မည်။
သတ်မှတ်ပုံစံ
အတိုး = မရရှိပါ။
လုပ်ငန်းသုံးအထောက်အကူပစ္စည်း = ချက်စာအုပ်၊ လစဉ်ငွေစာရင်းရှင်းတမ်း။

 

အနည်းဆုံးလက်ကျန်ငွေ
ကုမ္ပဏီအဖွဲ့အစည်းဖြစ်ပါက အမေရိကန်ဒေါ်လာ (၅၀) သို့မဟုတ် အမေရိကန်ဒေါ်လာ(၅၀)နှင့် ညီမျှသော ငွေကြေးအမျိုးအစားထား ပေးရပါမည်။
တစ်ဦးချင်းစာရင်းဖြစ်ပါက အမေရိကန်ဒေါ်လာ(၁၀) သို့မဟုတ် အမေရိကန်ဒေါ်လာ(၁၀)နှင့် ညီမျှသော ငွေကြေးအမျိုးအစား ထားပေးရပါမည်။

 

ငွေကြေးအမျိုးအစား = အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရို။