AYA Super Suzuki Finance Program

   

 

ဧရာဝတီဘဏ်နှင့်ချိတ်ဆက်၍Suzukiမော်တော်ယာဉ်များကိုတင်သွင်းရောင်းချလျက်ရှိသောမိတ်ဘက်မိတ်ဆွေလုပ်ငန်းရှင်များအားAYA Super Suzuki Finance Program သက်တမ်းတိုးလက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ ညနေတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ AYA Bank မှ စီစဉ်၍ AYA Myanmar Insurance (AMI) မှ အတူပါဝင်အားဖြည့်ကာ စီစဉ်ကျင်းပခဲ့သည်။အခမ်းအနားကို AYA Bank၊ AYA Myanmar Insurance (AMI)၊ Suzuki Myanmar နှင့် မြန်မာနိုင်ငံအနှံ့အပြားမှ Suzuki အရောင်းကိုယ်စားလှယ် မိတ်ဘက်မိတ်ဆွေများတက်ရောက်ခဲ့ကြသည်။