Ayeyarwady Foundation မှ ဥက္ကဋ္ဌဦးဇော်ဇော် ရန်ကင်းကလေးဆေးရုံကြီးတွင် မွေးနေ့အတွက်အလှူများပြုလုပ်ခဲ့။

13895396_1510225149003484_8234206480403474632_n-300x200 13962552_1510229849003014_6391363170350370024_n-300x200 14054192_1510227039003295_3289869968589188840_n-300x200

၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့တွင် အသက် (၄၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ဦးဇော်ဇော်သည် ထိုနေ့နံနက်ပိုင်းတွင် ရန်ကင်းကလေးဆေးရုံကြီးသို့သွားရောက်ခဲ့ပြီး မွေးနေ့အလှူများပြုလုပ်ခဲ့ကာ လူနာများကိုလည်း လိုက်လံအားပေးစကား ပြောကြားခဲ့ပါသည်။ အနယ်နယ်အရပ်ရပ်က လာရောက်ဆေးကုသနေကြသူများအတွက် နေ့စဉ်အာဟာရထမင်းဟင်းအပြင် သီးခြားဖြည့်စွက် အာဟာများပါ ကျွေးမွေးလှူဒါန်းခဲ့သည်။ ကလေးများပျော်ရွှင်စေဖို့အတွက် ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများက အရုပ်လက်ဆောင်များပေးခဲ့ကြသည်။ထို့အတူ ဆေးရုံရှိဝန်ထမ်းများအားလုံးကို ဒံပေါက်ထမင်းကျွေးမွေးခဲ့ကာ ဝန်ထမ်းများအတွက် ငွေကျပ်သိန်း (၅၀) လှူဒါန်းခဲ့ကြသည်။ ထို့အတူ ဆေးရုံကြီးအတွက် ငွေကျပ် (၄၅)သိန်းတန်ဖိုးရှိသည့် အောက်စီဂျင်စက်အသစ်တစ်လုံးကိုလည်း လှူဒါန်းခဲ့ကြသည်။