ဧရာဝတီဘဏ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ (၄)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ကျင်းပသော ဧရာဝတီဘဏ်လီမိတက်၏ (၄)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ဧရာဝတီဘဏ်၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဦးဇော်ဇော် (Founder and Chairman) မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံဘဏ်များအသင်း၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌအဖြစ် ဧရာဝတီဘဏ်လီမိတက်၏ အမှုဆောင် ဥက္ကဋ္ဌ ဒေါ်ခင်စောဦး (Executive Chairman) အား ရွေးချယ်ခံရခြင်းအတွက် ဧရာဝတီဘဏ် အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများမှ မိမိတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် လက်ရှိအခြေအနေ အခက်အခဲများကို တင်ပြ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

AYA Bank မှ Debit Card, ဘဏ်ကတ် အသစ်လျှောက်ထားခြင်း နှင့် ကတ် error ဖြစ်ခြင်း၊ AYA Mobile Banking / AYA Internet Banking အသစ်ဖွင့်လှစ်ခြင်း (သို့) လော့ကျခြင်း ဝန်ဆောင်မှုများအတွက် ရရှိနိုင်သော ရန်ကုန်မြို့ရှိ ဘဏ်ခွဲများစာရင်း

    AYA Bank ရန်ကုန် မြို့ရှိ ဘဏ်ခွဲများတွင် 1. Debit Card နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများ 2. ဘဏ်ကတ် အသစ်လျှောက်ထားခြင်း နှင့် ကတ် error ဖြစ်ခြင်း 3. AYA Mobile Banking / AYA Internet Banking အသစ်ဖွင့်လှစ်ခြင်း (သို့) လော့ကျခြင်း စသည့် ဝန်ဆောင်မှုများအတွက် ထပ်မံရရှိနိုင်သော ဘဏ်ခွဲစာရင်းဖြစ်ပါတယ်။ စိတ်ချယုံကြည် ဧရာဝတီ ” Your Trusted Partner “

ဧရာဝတီဘဏ်ခွဲများတွင် ငွေထုတ်ယူခြင်း ဝန်ဆောင်မှုဆောင်ရွက်ရာ၌ ၂၀၂၁ခုနှစ် မေလ ၄ ရက်နေ့ (အင်္ဂါနေ့) မှ စတင်၍ 01 470 5555 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်

ဧရာဝတီဘဏ်ခွဲများတွင် ငွေထုတ်ယူခြင်း ဝန်ဆောင်မှုဆောင်ရွက်ရာ၌ ၂၀၂၁ခုနှစ် မေလ ၄ ရက်နေ့ (အင်္ဂါနေ့) မှ စတင်၍ 01 470 5555 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။ ငွေထုတ်ယူနိုင်မည့် ဘဏ်ခွဲ၊ နေ့ရက်၊ အချိန်တို့ကို ပြန်လည်သတ်မှတ်ပေးမည်ဖြစ်ပါသည်။ Step 1 ငွေထုတ်လိုသူမှ ဘဏ်၏ ဖော်ပြပါ ဖုန်းနံပါတ် 01 470 5555 သို့ ဆက်သွယ်ခေါ်ဆိုပါ။   Step 2 ဖုန်းဆက်သွယ်စဉ် ငွေထုတ်လိုသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ပြန်လည်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်တို့ကို ဘဏ်မှ တောင်းခံကာ မှတ်တမ်းယူထားပါမည်။   Step 3 ဘဏ်မှ ငွေထုတ်ယူနိုင်မည့်နေ့ရက်၊ အချိန်နှင့်ဘဏ်ခွဲတို့ကို ပြန်လည်သတ်မှတ်ပေးပြီး မှတ်တမ်းအဖြစ် SMS ပေးပို့ပါမည်။  […]

ဧရာဝတီစင်တာအတွက် (၂၄)နာရီအတွင်း စေတနာ့ဝန်ထမ်း (၁၅၀၀)ကျော် လျှောက်ထား

        ဧရာဝတီစင်တာအတွက် စေတနာ့ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ (၂၄)နာရီအချိန်အတွင်း စိတ်ပါဝင်စားစွာ လျှောက်ထားသူ (၁၅၀၀)ကျော်အထိ လက်ခံရရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် ဧရာဝတီစင်တာ (A) အဆင်ပြေစွာ လည်ပတ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း (၁၅၀)ကျော်က နေ့မအား ညမနား ကြိုးပမ်းတာဝန် ထမ်းဆောင်လျက်ရှိကြပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့် စင်တာ (B) နှင့် (C) တို့အတွက် စေတနာ့ဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် အလှည့်ကျတာဝန် လွှဲပြောင်းနိုင်ရန်အတွက် ပြင်ပမှ စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။ လျှောက်ထားကြသူများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ အစရှိသည့် လူငယ်လူလတ်ပိုင်းများ ပါဝင်ပြီး အွန်လိုင်းမှတစ်ဆင့် တစ်ဦးချင်း ဆွေးနွေး၍ စိစစ်ရွေးချယ်ဖိတ်ခေါ်ကာ စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများ ပို့ချပေးသွားမည် ဖြစ်ပါသည်။[…]

မြန်မာတစ်နိုင်ငံလုံးရှိ ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားပြီးစဉ် အာဟာရပြည့်ဝစေရန် နှင့် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားနှုန်း မြန်ဆန်ပြီးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် လွယ်ကူချောမွေ့မြန်ဆန်စေရန် ဧရာဝတီဘဏ်၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော AYA Pay အား အသုံးပြုဖို့ ရွေးချယ်ခြင်းခံရသောကြောင့် အထူးဂုဏ်ယူဝမ်းမြောက်

        မြန်မာတစ်နိုင်ငံလုံးရှိကိုယ်ဝန်ဆောင်များအားကိုယ်ဝန်ဆောင်စဉ်နှင့်ကလေးမွေးဖွားပြီးစဉ် အာဟာရပြည့်ဝစေရန် နှင့်ကလေးငယ်များခန္ဓာကိုယ်ကြီးထွားနှုန်းမြန်ဆန်ပြီးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ကြေးများပေးအပ်ရာတွင်လွယ်ကူချောမွေ့မြန်ဆန်စေရန် ဧရာဝတီဘဏ်၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော AYA Pay အား အသုံးပြုဖို့ ရွေးချယ်ခြင်းခံရသောကြောင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၁၃) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် AYA Bank တို့ပူပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၏ Maternal and Child Cash Transfer (MCCT) အစီအစဉ်အတွက် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် သဘောတူညီမှု စာချုပ်ကိုလည်း M Gallery Hotel နေပြည်တော်၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါသည်။  

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီဘဏ်၏ ဆယ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ နေရာဒေသအသီးသီးရှိ ဆေးရုံ (၁၀) ရုံ၏ အထွေထွေအသုံးစရိတ်များအတွက် လှူဒါန်းမှုများ

            ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီဘဏ်၏ ဆယ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ နေရာဒေသအသီးသီးရှိ ဆေးရုံ (၁၀) ရုံ၏ အထွေထွေအသုံးစရိတ်များအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းခဲ့သော ဆေးရုံများမှာ ရန်ကုန်မြို့ရှိ ခုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နား နှာခေါင်း လည်ချောင်း ဦးနှောက်နှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၊ အမှတ်(၂) ပြည်ထောင်စုရိပ်သာလမ်းရှိ ရန်ကုန်ကလေးဆေးရုံကြီး၊ မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီး အစရှိသည့် ဆေးရုံကြီးများတွင် ဆေးရုံကြီးတစ်ရုံလျှင် ငွေကျပ် (၁၀) သိန်းစီဖြင့် စုစုပေါင်း[…]

ဧရာဝတီဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင်ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ထိပ်ဆုံးကုမ္ပဏီဝင်တစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံရရှိ

    ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်တွင် နိုင်ငံတော်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန် အများဆုံးထမ်းဆောင်ကြသည့် ထိပ်ဆုံးကုမ္ပဏီ (၁၀)ခုကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်တွင် ဂုဏ်ပြုမှတ်တမ်း ပေးအပ် ချီးမြှင့်ခဲ့ရာ ဧရာဝတီဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ထိပ်ဆုံးကုမ္ပဏီဝင်တစ်ခုအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံရရှိပါသည်။ ဧရာဝတီဘဏ်သည် AYA Financial Group အဖွဲ့ဝင်ဖြစ်ပြီး AYA SOMPO၊ AYA Trust တို့ဖြင့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကိုဆောင်ရွက်နေသည့်မြန်မာနိုင်ငံ၏နည်းပညာအခြေပြုထိပ်တန်းဘဏ်ဖြစ် သည်။

Covid-19 ကာကွယ် ကုသရေး ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆက်လက် ကူညီဆောင်ရွက် ပေးလျက်ရှိ

        ဧရာဝတီ ဖောင်ဒေးရှင်းသည် Covid-19 ကူးစက်ခံ လူနာများကို ကုသစောင့်ရှောက်ပေးလျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးနှင့် တောင်ဥက္ကလာပ ဆေးရုံကြီး အတွက် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန် ကျပ်သိန်း(၁၀၀)၊ ဓာတ်ခွဲ နမူနာများ ရယူပေးကြသော ရန်ကုန်တိုင်း ကျန်းမာရေး Swab Team မှ ကျန်းမာရေးဝန်ထမ်း (၃၀)ဦး အတွက် တစ်လစာ ထောက်ပံ့ငွေ (၆၃)သိန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပို့ဆောင်ရာတွင် အသုံးပြုရန် ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း (၃၀)တို့ကို အသီးသီး လှူဒါန်းခဲ့ပါသည်။ ထို့အတူ ဇွန်လ(၁၁)ရက်နေ့မှ စတင်၍ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နိုင်ငံများမှ ပြန်လာသူများကို ဧရာဝတီ ဖောင်ဒေးရှင်းမှ[…]

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း) နှင့်ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ၏ မီတာဘေလ်များကို online မှ ပေး‌ဆောင်နိုင်ရန်အတွက် YESC ရုံးချုပ်၌ လက်မှတ်ရေးထိုး

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)နှင့်ဧရာဝတီဘဏ်တို့ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၏ မီတာဘေလ်များကို online မှ ပေး‌ဆောင်နိုင်ရန်အတွက် ၂၀၂၀ပြည့်နှစ် ဇွန်လ (၅) ရက်နေ့ နံနက်တွင် YESC ရုံးချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။ မီတာဘေလ်ပေးဆောင်ရာတွင် လူကိုယ်တိုင် သွား‌ရောက်၍ တန်းစီစရာမလိုဘဲ ယခုအခါ online ဖြစ်သော AYA iBanking၊ AYA mBanking နှင့် AYA Pay တို့ဖြင့် အချိန် နေရာ မရွေး အဆင်ပြေ လွယ်ကူစွာ ပေးဆောင်နိုင်ပါသည်။ ဆက်လက်ပြီး AYA Bank အနေဖြင့် ရန်ကုန်မြို့အပြင် အခြားမြို့များအတွက် မီတာဘေလ် ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂ဝပြည့်နှစ်အတွက် Asiamoney မှ ရွေးချယ်ပေးအပ်သော Best Bank for SMEs Award ကို AYA Bank မှ ထပ်မံဆွတ်ခူးရရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

၂၀၂ဝပြည့်နှစ်အတွက် Asiamoney မှ ရွေးချယ်ပေးအပ်သော Best Bank for SMEs Award ကို AYA Bank မှ ထပ်မံဆွတ်ခူးရရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ AYA Bank သည် မြန်မာနိုင်ငံ၏ နည်းပညာတိုးတက်မှုအရှိဆုံးဘဏ်အဖြစ် အချိန်တိုအတွင်း ရပ်တည်လာနိုင်ခဲ့သလို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အဖက်ဖက်မှ ထိရောက်စွာ ပံ့ပိုးကူညီလျက်ရှိသောကြောင့် SMEs လုပ်ငန်းများကို ပံ့ပိုးသော အကောင်းဆုံးဘဏ်အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံရသည်။ ဆက်လက်ပြီး AYA Bank အနေဖြင့် နိုင်ငံတကာ ဘဏ္ဍာရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ SMEs ကဏ္ဍမျိုးစုံကိုလည်း တိုးချဲ့ပြီး အလားအလာရှိမည့်လုပ်ငန်းများ ရွေးချယ်သတ်မှတ်ခြင်းနှင့် ချေးငွေများ ထောက်ပံ့ခြင်းများကို အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။

COVID-19 ကာကွယ် ကုသပေးနေရှိသော တောင်ဥက္ကလာပနှင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးများသို့ လိုအပ်ချက်များ ထပ်မံဖြည့်စွက် လှူဒါန်းပေးခဲ့

      ဧရာဝတီဖောင်ဒေးရှင်း အမှုဆောင် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးနှင့် တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁၇)ရက်နေ့က တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးနှင့် ဆရာဝန်ကြီးများကို သွားရောက်တွေ့ဆုံ ဆွေးနွေးကာ လိုအပ်သည့် နေရာများအတွင် အသုံးပြုနိုင်ရန် ငွေကျပ် သိန်း(၃၀၀)နှင့် ဧရာဝတီဖောင်ဒေးရှင်း အစီအစဉ်ဖြင့် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှ အစားအသောက်များ နေ့စဉ် ပေးပို့နိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အတူ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လိုအပ်သည်များ ထပ်မံ ဖြည့်ဆည်းနိုင်ရန် ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့ပါသည်။ ဧရာဝတီ ဖောင်ဒေးရှင်းသည် ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ COVID-19 ကာကွယ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်စဉ်က[…]

ဧရာ၀တီဘဏ် Non Clerical Staff ဝန်ထမ်းများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်တဲ့ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်

                              ဧရာဝတီဘဏ်သည် လတ်တလောပူးပေါင်းကာကွယ်တိုက်ဖျက်လျက်ရှိသော Covid19 ကူးစက်ရောဂါကာလအတွင်း ရုံးချုပ်နှင့်ဘဏ်ခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် Non Clerical Staff ဝန်ထမ်း (၂,၂၀၀) ကျော်အတွက် စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ ဆန်တစ်တင်းခွဲအိတ်နှင့် ဆီတစ်ပိဿာအား တစ်ဦးချင်းစီသို့ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်အဖြစ် ပေးအပ်ခဲ့ပါသည်။ ဧရာဝတီဘဏ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊အကြီးတန်းစီမံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ဌာနကြီးမှူးများ၊တိုင်းဒေသ ကြီးတာဝန်ခံများအားလုံးမှ ၎င်းတို့၏ လစာမှ အချိုးကျရာခိုင်နှုန်းဖြင့် ထည့်ဝင်လှူဒါန်းကြသည့် ငွေကျပ် သိန်း (၇၅၀)ကျော်ဖြင့် ဆန်နှင့်ဆီများ မေတ္တာဖြင့်မျှဝေခြင်း အစီအစဉ်ကြောင့် Non Clerical Staff ဝန်ထမ်းများ၏ စားဝတ်နေရေး အဆင်ပြေစွာဖြင့် ယခုလို ကပ်ရောဂါကာလအတွင်း အတူတကွ အဆင်ပြေချောမွေ့စွာ ရပ်တည်ဖြတ်သန်းနိုင်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ COVID-19 ကြောင့်လိုအပ်သည့်နေရာဒေသများတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်[…]