COVID-19 ကာကွယ် ကုသပေးနေရှိသော တောင်ဥက္ကလာပနှင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးများသို့ လိုအပ်ချက်များ ထပ်မံဖြည့်စွက် လှူဒါန်းပေးခဲ့

   

 

ဧရာဝတီဖောင်ဒေးရှင်း အမှုဆောင် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးနှင့် တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁၇)ရက်နေ့က တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးနှင့် ဆရာဝန်ကြီးများကို သွားရောက်တွေ့ဆုံ ဆွေးနွေးကာ လိုအပ်သည့် နေရာများအတွင် အသုံးပြုနိုင်ရန် ငွေကျပ် သိန်း(၃၀၀)နှင့် ဧရာဝတီဖောင်ဒေးရှင်း အစီအစဉ်ဖြင့် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှ အစားအသောက်များ နေ့စဉ် ပေးပို့နိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့ပါသည်။
ထို့အတူ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လိုအပ်သည်များ ထပ်မံ ဖြည့်ဆည်းနိုင်ရန် ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့ပါသည်။ ဧရာဝတီ ဖောင်ဒေးရှင်းသည် ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ COVID-19 ကာကွယ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်စဉ်က ငွေကျပ်သိန်း(၅၀၀) လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။