ဧရာဝတီ ဖောင်ဒေးရှင်းသည် COVID-19 ကူးစက်ခံ ရသူများကို ကုသပေးလျက် ရှိသော ဟားခါး၊ မူဆယ်၊ မတ္တရာ၊ ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံများမှ သက်ဆိုင်ရာ ဆရာဝန်များနှင့် ဆွေးနွေး တိုင်ပင်ကာ ၎င်းတို့အတွက် လိုအပ်လျက်ရှိသော သိန်း(၃၃၀) တန်ဖိုးရှိ ဆေးရုံသုံး ကာကွယ် ကုသရေး ပစ္စည်းများကို ဖြည့်ဆည်း လှူဒါန်း ပေးခဲ့ပါသည်။ ထို့အတူ COVID-19 လူနာများကို ကုသပေးလျက် ရှိသော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ လိုအပ်သော နေရာများတွင် အသုံးပြုနိုင်ရန် အတွက် ငွေကျပ် သိန်း (၁၂၀)ကိုလည်း လှူဒါန်းခဲ့ပါသည်။
မတ်လ(၆)ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း (၁၃၁)ဦး၏ (၃)ပတ်ကြာ Facility Quarantine ဝင်နိုင်ရန်နှင့် ၎င်းတို့အတွက် ပံ့ပိုး ကူညီပေးသူ Volunteer (၃၀)ဦးတို့ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရှိ လက်ရွေးစင် ကစားသမား ဆောင်များနှင့် မြန်မာဘောလုံး အကယ်ဒမီ တို့တွင် အဆင်ပြေစွာ နေထိုင်စားသောက်ရေး စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ထို့အတူ COVID-19 ကာကွယ် ကုသရေး ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်နေသော ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်း (၈၀)ဦးကို AYA Bank Training Center (မေတ္တာညွန့်)တွင် အဆင်ပြေစွာ နေထိုင်စားသောက် သွားလာ နိုင်ရန်အတွက် ယနေ့တိုင် စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါသည်။