Max Myanmar Group၊ AYA Financial Group နဲ့ Novotel Yangon Max ဝန်ထမ်းများရဲ့ ရုံးတွင်းသင်္ကြန် (နှစ်သစ်အတာသင်္ကြန် အကြို) Atar Splash 2019

Max Myanmar Group၊ AYA Financial Group နဲ့ Novotel Yangon Max ဝန်ထမ်းများရဲ့ ရုံးတွင်းသင်္ကြန် (နှစ်သစ်အတာသင်္ကြန် အကြို) Atar Splash 2019 ကို ဧပြီလ (၁၂)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပျော်ရွှင်ရင်းနှီးစွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
တစ်နှစ်တာအတွင်း လုပ်ငန်းခွင် ပင်ပန်းမှုတွေ ပြေပျောက်ပြီး မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောသန့်စင်ကာ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ အင်အားသစ်တွေနဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုတိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး Atar Splash 2019 မှာ ဝန်ထမ်းမိသားစုတွေ ပျော်ပျော်ရွှင်ရွှင် အတူပါဝင် ဆင်နွှဲခဲ့ကြတာပါ။
ဒီနှစ်မှာလည်း နှစ်စဉ်ကျင်းပနေကျ ပုံစံလေးအတိုင်း လုပ်ငန်းစု အသီးသီးက စတုဒီသာ အစားအသောက်မျိုးစုံကို တည်ခင်းကျွေးမွေးခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြတဲ့ Rဇာနည်၊ ဂျီလတ်၊ ဝေလ၊ အောင်ထက်၊ နီနီခင်ဇော်၊ လိမ္မော်သီးတို့က အင်ပါယာတေးဂီတဝိုင်း နှင့်အတူ တွဲဖက်သီဆိုဖျော်ဖြေခဲ့ကြပြီး၊ DJ Ester ရဲ့ မြူးကြွတဲ့ တီးလုံးများနဲ့ အတူကခုန်ရင်း နှစ်သစ်အကြို ရေသဘင်ပွဲဆင်နွှဲကာ ပျော်ရွှင်ကြည်နူး အမှတ်တရများကို စုပေါင်းဖန်တီးခဲ့ကြပါတယ်။