Received a text requesting your account PIN (or) OTP?

Scammers may impersonate AYA Bank to target you via text message or social media or e-mail. We will never contact you to ask for your account number, name, address, PIN or OTP. If in doubt, don't respond - call us (+95) 1 231 7777 (or) e-mail us info@ayabank.com.

Match your needs with our comprehensive personal borrowing plan

Match your needs with our comprehensive personal borrowing plan

Let us guide you what you are looking for your business

Let us guide you what you are looking for your business

ATM / Branch / FX Counter Locator

ATM / Branch / FX Counter Locator

INSIGHTS

Keep pace with AYA Bank news and update

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ “မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း” သတင်းထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့်ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော် သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းချစေခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ်ဒေါ်လာလျှင် ၃,၃၇၅ ကျပ် နှုန်းဖြင့်ရောင်းဝယ်နေသကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့်ပုဂ္ဂလိကဘဏ် (၃) ဘဏ် တို့၏အောက်ပါငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ အမေရိကန်ဒေါ်လာ ၅၀၀ အထိကို အမေရိကန်တစ်ဒေါ်လာလျှင် ၃,၁၀၀ ကျပ်နှုန်းဖြင့် အထူး အစီအစဉ်အရ ရောင်းချပေးလျက်ရှိပါသည် -

ဘဏ်အမည် ရန်ကုန် မန္တလေး နေပြည်တော် တောင်ကြီး
KBZ

(၉)မိုင်ဘဏ်ခွဲ၊ 
ဦးဝိစာရလမ်း(၂)ဘဏ်ခွဲ၊ 
ရန်ကုန်လေဆိပ် (ဆိုက်ရောက်)

IBD ဘဏ်ခွဲ၊ 
(၂၂)ဘဏ်ခွဲ၊  
(၄)ဘဏ်ခွဲ
ဘဏ်ခွဲ(၅) ဘဏ်ခွဲ(၁)
AYA Bank PCL ရန်ကုန်လေဆိပ်၊ 
ပါရမီဘဏ်ခွဲ၊ 
ကျောက်တံတားဘဏ်ခွဲ၊ 
အလုံဘဏ်ခွဲ၊ 
မရမ်းကုန်းဘဏ်ခွဲ
လမ်း(၃၀)ဘဏ်ခွဲ၊
(၂၂)ဘဏ်ခွဲ
နေပြည်တော် ဘဏ်ခွဲ  
UAB စမ်းချောင်းဘဏ်ခွဲ၊ 
ရန်ကုန်လေဆိပ်၊ 
ရွှေဂုံတိုင်ဘဏ်ခွဲ၊ 
သိမ်ဖြူဘဏ်ခွဲ
(၈၄)လမ်းဘဏ်ခွဲ၊ 
ဆိုင်းတန်းဘဏ်ခွဲ၊ 
ဒိုင်းမွန်းဘဏ်ခွဲ
နေပြည်တော် ဘဏ်ခွဲ  

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက် အပြည့်အစုံကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။ 

CORPORATE NEWS |18 Mar 2024

Discover about our achievements

Awards and Accolades

Discover More

Discover about our achievements

Awards and Accolades

Discover More