ANNOUNCEMENTS

WHISTLEBLOWER – You Can Report Breaches via our Secure Channel
INTEGRITY IS EVERYONE’S RESPONSIBILITY

Posted on March 13, 2024

ဧရာဝတီဘဏ်၏ လုပ်ငန်းခွင်အတွင်း ကျင့်ဝတ်နှင့် ပတ်သက်ပြီး ဖောက်ဖျက်မှုများ၊ မသင့်လျော်မှုများ၊ တရားပျက်နေမှုများ အစရှိသည့် အချက်အလက်များအား မည်သူမဆို (လက်ရှိ ဝန်ထမ်း / ဝန်ထမ်းဟောင်း / Customer များ /လုပ်ငန်းနှင့် တွဲဖက် လုပ်ကိုင် ဆောင်ရွက်နေသည့် မိတ်ဖက်များ မှ) သတင်းပေးပို့နိုင်ပါသည်။

တိုင်ကြားရမည့် လုပ်ငန်းစဉ် - မိမိ အသိပေးပြောကြားလိုသည့် အရာများအား စုစည်းကာ Whistle Blowing QR Scan သို့ ပေးပို့ရမည် ဖြစ်သည်။

ပြုလုပ်ရမည့် အချက်များ - တိုင်ကြားသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက် မှန်ကန် ပြည့်စုံစွာ အထောက်အထားမှန်စွာဖြင့် တိုင်ကြားနိုင်ရမည်။ တိုင်ကြားသည့် ကိစ္စရပ်အား တာဝန် အပြည့်အဝ ယူနိုင်ရမည် ဖြစ်သည်။

မပြုလုပ်ရမည့် အချက်များ - ပုဂ္ဂိုလ်ရေးခံစားချက်များ၊ ပြင်ဆင်ထားသည့် စာရွက်စာတမ်း အတုများ၊ ကောလဟာလများ၊ အချက်အလက်အမှားများ မဖြစ်စေရပါ။