PERSONAL BANKING
BUSINESS BANKING
DIGITAL SERVICES
AYA Bank အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် ငွေကြေးဆိုင်ရာအချက်အလက်များ၏ လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်မှုကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
AYA Bank သုံးစွဲသူ များ၏ အချက်အလက်များ လုံခြုံမှုရှိစေရန်အတွက် လုံခြုံရေးစနစ်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးခြင်းများနှင့် လိုအပ်သော လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အစဉ်မပြတ် ပြုလုပ်လျက်ရှိပါသည်။
လတ်တလောတွင် AYA Bank သုံးစွဲသူများ၏ အချက်အလက်များနှင့် ပတ်သက်၍ ထွက်ပေါ်လာသော သတင်းအချက်အလက်များအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ရာ AYA Bank ၏ လုံခြုံရေးစနစ်များအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း သို့မဟုတ် အချက်အလက်ပေါက်ကြားမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။
ထို့ကြောင့် သုံးစွဲသူများအနေဖြင့် AYA Bank နှင့် AYA Pay ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုနိုင်ပါကြောင်း အလေးအနက် အသိပေးအပ်ပါသည်။
ထို့အပြင် မိမိတို့၏ AYA Bank Account နှင့် AYA Pay Account ဆိုင်ရာ အချက်အလက်များအား ခွင့်ပြုချက်မရှိသူများထံသို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ လုံခြုံရေးဆိုင်ရာ အချက်များကို အထူးဂရုပြုလိုက်နာပေးပါရန် တိုက်တွန်းအပ်ပါသည်။
သံသယဖြစ်ဖွယ် Link များကို မနှိပ်ပါနှင့် – မိမိသိကျွမ်းသူများထံမှ ပေးပို့လာသော Message များဖြစ်စေ၊ မသိသူများထံမှ ပေးပို့လာသော Message များဖြစ်စေ သံသယဖြစ်ဖွယ် Link များကို မနှိပ်ပါနှင့်။
- Application များကို နောက်ဆုံး Version သို့ အမြဲတမ်း Update ပြုလုပ်ပါ
- AYA Mobile Banking နှင့် AYA Pay Application များကို နောက်ဆုံး Version သို့ အမြဲတမ်း Update ပြုလုပ်ထားပါ။
- လျှို့ဝှက်အချက်အလက်များကို မည်သူ့ကိုမျှ မမျှဝေပါနှင့်
- မိမိ၏ PIN၊ Password နှင့် OTP များကို မည်သူ့ကိုမျှ မပြောပြပါနှင့်။
- AYA Bank ဝန်ထမ်းများအနေဖြင့် အဆိုပါ လျှို့ဝှက်အချက်အလက်များကို Customer များထံမှ တောင်းခံမည်မဟုတ်ပါ။ထို့အပြင် သံသယဖြစ်ဖွယ် Link သို့မဟုတ် Website များတွင် အဆိုပါအချက်အလက်များကို ထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။
သံသယဖြစ်ဖွယ် အခြေအနေများ ကြုံတွေ့ပါက
မိမိ၏ အကောင့် သို့မဟုတ် ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အခြေအနေတစ်စုံတစ်ရာ ကြုံတွေ့ပါက အောက်ပါ Hotline များသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးအပ်ပါသည်။
AYA Bank Hotline – 01-2317777
AYA Pay Hotline – 01-4705777
ထို့အပြင် AYA Pay Application ရှိ Live Chat မှတစ်ဆင့်လည်း အကူအညီရယူနိုင်ပါသည်။
Customer များ၏ လုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှုသည် AYA Bank ၏ အဓိကဦးစားပေးဖြစ်ပါသည်။
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner
(Unofficial Translation)
Security Awareness Announcement for AYA Bank Customers
To Our Valued AYA Bank Customers,
AYA Bank puts the security and protection of our customers’ information as a top priority.
We continuously conduct real-time security checks, and we remain committed to protecting our customers' financial and personal information at all times. Based on our investigations on the recent news related to AYA Bank's customer data, there has been no breach or unauthorised access into AYA Bank’s security systems. We would like to assure our customers and the public that they can continue using our services with full confidence and peace of mind.
To prevent the information associated with your AYA Bank Account and AYA Pay account from falling into the hands of unauthorised individuals, we strongly encourage you to take special note of the following:
• Avoid suspicious links – Do not click on suspicious links sent to you, even from messages received from known contacts.
• Always update your apps – Keep the AYA Mobile Banking and AYA Pay apps updated to the latest versions.
• Never share confidential information – Do not disclose your PIN, password, or OTP to anyone. AYA Bank employees will never request such confidential information. Do not enter these details into suspicious links or websites.
⚠️ If you encounter any suspicious situation, especially with your accounts or personal information, please immediately contact the AYA Bank Hotline at 01-2317777 or the AYA Pay Hotline at 01-4705777. You can also seek assistance through the Live Chat feature in the AYA Pay app.
AYA Bank – Your Trusted Partner
ချစ်ခင်လေးစားအပ်ပါသော AYA Bank သုံးစွဲသူများခင်ဗျာ
AYA Bank တွင် အသုံးပြုသည့် Application Portal အဟောင်း တစ်ခုမှ ငွေကြေးဆိုင်ရာမပါသော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
ထိုဖြစ်စဉ်နှင့်ပက်သက်၍
(၁) ၎င်း Portal သည် ဘဏ်၏ Core Banking System/ AYA Pay System/ Card System တို့၏ပင်မ စနစ်များ နှင့်တိုက်ရိုက်ချိတ်ဆက်ထားမှုမရှိသည့်အပြင် အခြား Systems များအား (လုံးဝ) ထိခိုက်မှု မရှိသည့်အတွက် AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များကိုလည်း ပုံမှန်အတိုင်း စိတ်ချလုံခြုံမှုအပြည့်နဲ့ ဆက်လက်အသုံးပြုနိုင်ပါသည်။
(၂) AYA Bank သုံးစွဲသူများ၏အချက်အလက် လုံခြုံရေးကို အမြဲတမ်းဦးစားပေးဆောင်ရွက်ခဲ့သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်အတွက် AYA Bank သုံးစွဲသူများ စိတ်အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ပါက အနူးအညွှတ်တောင်းပန်အပ်ပါသည်။ AYA Bank ၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ထားလျက်ရှိပါသည်။
(၃) AYA Bank သုံးစွဲသူများ၏ ဘဏ္ဌာရေးဆိုင်ရာအချက်အလက်များ (လုံးဝ)ဘေးကင်းလုံခြုံစွာ ရှိနေပါကြောင်း နှင့် AYA Bank ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်အသုံးပြုနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
AYA Bank အသုံးပြုသူများ၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
စိတ်ချယုံကြည် ဧရာဝတီ – Your Trusted Partner
(Unofficial Translation)
AYA Bank Statement Regarding a Data Security Incident
AYA Bank wishes to inform our valued customers and the public regarding a recent information security incident involving a legacy application portal.
The incident involved the unauthorized exposure of certain non-financial application information from a legacy application portal previously used by AYA Bank. The affected portal is separate from the Bank's core banking infrastructure.
In this regard, AYA Bank would like to reassure our customers of the following:
1. No Impact on Banking Systems or Customer Financial Services
The legacy application portal is not directly connected to AYA Bank's Core Banking System, AYA Pay System, or Card System. There has been no impact whatsoever on these or any other banking systems. Accordingly, customers may continue to use AYA Pay, AYA Internet Banking, and AYA Mobile Banking with complete confidence, as these services remain secure, fully operational, and protected.
2. Commitment to Customer Information Security
AYA Bank has always placed the highest priority on safeguarding customer information. While the exposed data did not include customers' financial information, we sincerely apologize for any concern or inconvenience this incident may have caused our valued customers.
The Bank has already implemented additional cybersecurity enhancements and continues to strengthen its security controls and monitoring capabilities to further protect customer information and prevent similar incidents in the future.
3. Customer Financial Information Remains Secure
We would like to assure all customers that their financial information remains completely secure, and that they can continue to use AYA Bank's products and services with confidence.
AYA Bank remains firmly committed to maintaining the highest standards of information security and customer protection.
We sincerely thank all AYA Bank customers for their continued trust, understanding, and cooperation.
AYA Bank PCL
Your Trusted Partner
At AYA Bank, our commitment to providing world-class financial services in Myanmar is driven by continuous innovation. As we enter our next phase of digital transformation, we are looking to engage with technology partners who offer cutting-edge Core Banking Solutions.
We are officially inviting expressions of interest from global and regional vendors who specialize in scalable, secure, and future-ready banking architectures. Our goal is to ensure our core infrastructure aligns with the evolving needs of our customers and the dynamic Myanmar market.
How to Participate: Interested parties are invited to submit their company profile and a brief overview of their solution capabilities to: pmo@ayabank.com no later than 15:00 (UTC + 6:30) on 3rd April 2026.
Following this initial outreach, qualified vendors will be invited to participate in a formal Request for Proposal (RFP) process. We look forward to exploring how your technology can empower the next generation of banking at AYA Bank.
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၂၁ ) ရက်နေ့ ရက်စွဲဖြင့် နိုင်ငံသားစိစစ်ရေး ကတ်အမှတ်များ ပြုပြင်၍ လိမ်လည်နေခြင်း သတိပြုစေရန် လမ်းညွှန်ချက် နှင့်စပ်လျဉ်း၍ အသိပညာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
၁။ ဖြစ်စဉ်အကျဉ်း (နမူနာ)
၂။ မိမိ၏ အချက်အလက်အား မသမာသူများမှ အသုံးပြု၍ လိမ်လည်ခြင်းမှ ကင်းဝေးစေရန် ရှောင်ကြဉ်ရန် ကိစ္စရပ်များ
မိမိ၏ ကိုယ်ပိုင်အချက်အလက်များအား (နိုင်ငံသားစိစစ်ရေးကတ်အမှတ် အပါအဝင်) လူမှုကွန်ယက်စာမျက်နှာ (Facebook, Messenger, Telegram, Viber) များတွင် တင်ခြင်း မပြုလုပ်ရန် ၊ မိမိ တစ်ဦးတည်းနှင့်သာ သက်ဆိုင်သည့် OTP/PIN/ Password များအား မည်သူကိုမှ မျှဝေခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။
မိမိ ကိုယ်တိုင်မသိလိုက်ဘဲ လိမ်လည်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရန် ဤဖြစ်စဉ် နမူနာ ကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၁၀ ) ရက်နေ့ ရက်စွဲဖြင့် ငွေကြေး လိမ်လည်ခံရမှုဖြစ်စဉ် သတိပြုစေရန် လမ်းညွှန်ချက် နှင့်စပ်လျဉ်း၍ အသိပညာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။
၁။ ဖြစ်စဉ်အကျဉ်း (နမူနာ)
၂။ ငွေကြေးလိမ်လည်ခံရခြင်းမှ ကင်းဝေးစေရန် ရှောင်ကြဉ်ရန် ကိစ္စရပ်များ
လူမှုကွန်ယက်စာမျက်နှာ (Facebook, Messenger, Telegram, Viber) တို့တွင် အစု ရှယ်ယာများ ဝယ်ယူစုဆောင်းခြင်းဖြင့် အကျိုးအမြတ်များစွာ ပြန်လည်ရရှိနိုင်ကြောင်း ကြေညာချက်များ၊ အတိုးနှုန်း နည်းနည်းဖြင့် ချေးငွေလွယ်ကူစွာရရှိနိုင်ကြောင်းကြေညာချက်များ စသည်ဖြင့် မက်လုံးပေး၍ လိမ်လည် နေမှုများအား အယုံလွယ်မှုမရှိစေရန် နှင့် ထိုလိမ်လည်မှုများအား ရှောင်ရှားနိုင်ရန် အသိပညာ ပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
We’re excited to announce that AYA Bank’s very first Cash Recycler Machines (CRM) have been successfully installed and are now operational at our RiverView Branch (Ygn-83), Ahlone Township and Myanmar Plaza, Kabaraye Pagoda Road!
What is a CRM?
A Cash Recycler Machine (CRM) is a smart self-service banking machine that allows customers to perform both cash deposits and withdrawals using a single device.
“One Machine, Dual Function — Deposit & Withdraw Anytime!”
CRM is a Smart Banking Innovation! The CRM represents a smart investment that improves operational efficiency, enhances customer experience, reduces costs, and strengthens data management — all in one solution.
Deposit. Withdraw. Recycle. — Smarter Banking Starts Here.
How It Works?
Step(1): The customer deposits cash into the machine.
Step(2): The CRM automatically verifies and credits the amount to the customer’s account.
Step(3): The deposited cash is then made available for other customers to withdraw.
That’s why it’s called a “Cash Recycler Machine”.
Key Benefits for the Bank
✅ Operational Efficiency – Reduces teller workload and over-the-counter transactions.
✅ Cost Reduction – Lowers cash-in-transit (CIT) expenses.
✅ 24/7 Availability – Enables deposits and withdrawals anytime.
✅ Smart Cash Management – Enhances liquidity through real-time cash recycling.
✅ Digital Branding – Display bank campaigns and promotions on the CRM screen.
Benefits for Customers
✅ 24/7 service availability.
✅ Fast and convenient deposit and withdrawal experience.
✅ Enhanced security and reliability.
✅ Real-time receipts and instant account updates.
“Fast, Secure, and Smart Banking — Anytime, Anywhere.”
Experience the Future of Banking Today!
Skip the queues and enjoy a new level of convenience with AYA Bank’s Smart Banking Experience.
👉 Visit our River View Branch and try out the CRM for deposits and withdrawals.
👉 Share your experience — your feedback helps us improve!
AYA Bank — Empowering Your Smart Banking Journey.
[Myanmar Version]
ဧရာဝတီဘဏ်၏ ပထမဆုံး Cash Recycler Machine (CRM) စက်တွေကို ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Myanmar Plaza နဲ့ အလုံကမ်းနားလမ်းမှာရှိတဲ့ ဧရာ River View ဘဏ်ခွဲ (ရန်ကုန်-၈၃) မှာ တပ်ဆင်ပြီးဖြစ်တာကြောင့် စတင်အသုံးပြုနိုင်ပါပြီ။ CRM အသစ်တွေကို စမ်းသပ်ဖို့ ဖိတ်ခေါ်ပါတယ်။
CRM ဆိုတာ ဘာပါလဲ?
Cash Recycler Machine (CRM) ဆိုတာ ဘဏ်တွင် အသုံးပြုနိုင်တဲ့ Smart Self-Service Banking Machine တစ်ခုဖြစ်ပြီး –ငွေသွင်းခြင်း (Deposit) နဲ့ ငွေထုတ်ခြင်း (Withdrawal) နှစ်ခုလုံးကို စက်တစ်ခုတည်းမှာ ပြုလုပ်နိုင်ပါတယ်။
CRM ဆိုတာ ဘဏ်အတွက် လုပ်ငန်းစဉ် (Operation)၊ သုံးစွဲသူများ၏အတွေ့အကြုံ (Customer Experience)၊ ကုန်ကျစရိတ် လျှော့ချမှု (Cost Saving) နှင့် ဒေတာစီမံခန့်ခွဲမှု (Data Management) အပါအဝင် အားလုံးကို တစ်ပြိုင်နက် တိုးတက်စေတဲ့ Smart Investment တစ်ခုဖြစ်ပါတယ်။
CRM ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြပါ?
အဆင့်(၁) - Customer မှ CRM စက်တွင် ငွေသွင်းသည်။
အဆင့်(၂) - CRM စက်သည် ငွေစက္ကူများကို စစ်ဆေးပြီး အကောင့်ထဲသို့ အလိုအလျောက်ထည့်ပေးသည်။
အဆင့်(၃) - သွင်းထားသော ငွေစက္ကူများကို ငွေထုတ်လိုသူအတွက် ပြန်အသုံးပြုနိုင်သည်။
ဒါကြောင့် “Cash Recycle” လို့ ခေါ်ပါတယ်။
ဘဏ်အတွက် အကျိုးကျေးဇူး
✅ လုပ်ငန်းဆောင်တာထိရောက်မှု – ဘဏ်ခွဲတွင် အပ်ငွေလက်ခံသည့် ဝန်ထမ်း၏ အလုပ်ချိန်သက်သာပြီး ကောင်တာတွင် ငွေသွင်းငွေထုတ်များ လျော့ကျသွားခြင်း။
✅ ကုန်ကျစရိတ် – Cash-in-transit (CIT) အတွက် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း
✅ ၂၄/၇ ဝန်ဆောင်မှု – ဘဏ်အသုံးပြုသူများအတွက် အချိန်မရွေး ငွေသွင်း/ငွေထုတ်လုပ်ဆောင်နိုင်ခြင်း။
✅ ငွေကြေးစီမံခန့်ခွဲမှု – အချိန်နှင့် တပြေးညီ ငွေလည်ပတ်မှု ပိုမိုတိကျမြင့်မားခြင်း။
✅ ဒစ်ဂျစ်တယ်ကြော်ငြာ - CRM မှန်သားပြင်ပေါ်တွင် ဘဏ်၏ ပရိုမိုးရှင်း အစီအစဉ်များကို ပြသနိုင်ခြင်း။
အသုံးပြုသူများအတွက် အကျိုးကျေးဇူး
✅ ၂၄ နာရီအချိန်မရွေး ဝန်ဆောင်မှုပေးနိုင်ခြင်း။
✅ ငွေသွင်း/ငွေထုတ်လုပ်ငန်းစဉ် လွယ်ကူမြန်ဆန်ခြင်း။
✅ လုံခြုံမှုမြင့်မားခြင်း။
✅ အချိန်နှင့် တပြေးညီ ငွေလက်ခံခြင်းနှင့် ဘဏ်စာရင်းကို Update လုပ်နိုင်ခြင်း။
ငွေသွင်း၊ ငွေထုတ်ကို အချိန်မရွေး၊ လွယ်လင့်တကူလုပ်နိုင်ပြီး တန်းစီစရာမလို၊ စက်တစ်လုံးနဲ့ Smart Banking အတွေ့အကြုံ အသစ်ကို ခံစားနိုင်ပါပြီ။ CRM စက်တွင် ငွေသွင်း / ငွေထုတ် စမ်းသပ်ကြည့်ပါ။ စက်အသုံးပြုမှု အတွေ့အကြုံ များကိုမျှဝေပါ။ သင့် feedback တွေက CRM ပိုမိုကောင်းမွန်တိုးတက်ဖို့ အရေးကြီးပါတယ်။
Customer မှ ငွေသားထည့်သွင်းနိုင်မယ့် အသုံးပြုပုံအဆင့်ဆင့်ကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။
AYA Bank is proud to announce the official launch of AYA Mobile Banking Version 3.0, delivering a faster, smarter, and better digital banking experience to all customers.
The upgraded application introduces a new look and innovative features designed to simplify and enhance everyday banking:
• Digital Fixed Deposit – Save your hard-earned money securely for 30 or 100 days with attractive special interest rates.
• Smarter Transfers – Manage all AYA accounts in one place, and transfer funds seamlessly to AYA accounts, AYA Pay wallets, and other local bank accounts.
• Bill Payments – Conveniently pay school fees, utilities, and a wide range of bills with just a few taps.
• Loan Repayment – Easily check outstanding balances and repay home or car loans directly through the app.
Seamless Transition for Current Users
Existing AYA Mobile 2.0 users can simply download the new app, log in with their current username and password, set a new password, and enjoy the upgraded banking experience.
Available Now for Everyone
AYA Mobile Banking Version 3.0 is now available for download. Customers can experience banking without boundaries by accessing the app here: AYA Mobile Banking Download
To explore more about the new features, watch the step-by-step video guide here: How to Use AYA Mobile Banking 3.0.
If you haven't used your AYA account (ie, Current Account / Savings Deposit / Call Deposit ) in 365 days, it may have gone dormant.
AYA Bank Profile
Meet Our Leaders
Corporate Strategy
Reports
Archive
Help & Support
Get in Touch
Mobile Banking
Internet Banking
Corporate Internet Banking
Royal Banking
Currency Exchange Rate
Digital Services Security Advices
Whistleblower - Report Breaches
No. 416, Mahabandoola Road, Kyauktada Township, Yangon, Myanmar.
Please click "Accept all cookies" to continue to enjoy our website with all cookies or click "Manage Cookies Settings" to manage your cookie preferences.
By clicking “Accept all cookies”, you agree to the storing of cookies on your device to enhance site navigation, analyze site usage, and assist in our marketing efforts. If you would like to know more take a look at our Privacy Notice and Cookies Policy