Corporate News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးခြင်း

Posted on March 23, 2026

လက်ရှိ အခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ‌စျေးကွက်လိုအပ်ချက်အပေါ် အပြည့်အဝပံ့ပိုးပေးနိုင်ရန် (၂၃-၃-၂၀၂၆) ရက်နေ့တွင် စက်သုံးဆီတင်သွင်းသည့်  ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ ၄၅ သန်းကို သက်ဆိုင်ရာ ဘဏ်များမှတစ်ဆင့် ရောင်းချပေးခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ‌စျေးကွက်လိုအပ်ချက်အရ FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ ကိုလည်းရောင်းချပေးမည် ဖြစ်ပါသည်။

Reference: Central Bank of Myanmar