Corporate News

Corporate News    Year:2024

ယခုလတ်တလောကာလတွင် ဖြစ်ပေါ်နေသော ဘဏ်များမှ ငွေသားထုတ်ယူမှု၊ ငွေကြေးကဏ္ဍများနှင့် စပ်လျဉ်း၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် မေးမြန်းသည့် မေးခွန်းနှင့်အဖြေများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

၁။ မေး  လူမှုကွန်ယက်စာမျက်နှာများတွင် ပုဂ္ဂလိကဘဏ်များ၌ ငွေထုတ်ယူမှု များပြားလာကြောင်း၊ ငွေသားထုတ်ယူမှုကိုလည်းကန့်သတ်နေကြောင်း ပုဂ္ဂလိကဘဏ်များမှ အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေကြောင်း၊ ရေးသားဖော်ပြ ပြောဆိုနေတာကိုတွေ့ရပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ ပြောပြပေးစေလိုပါတယ်။

ဖြေ   ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ ဒီဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒီဂျစ်တယ် ငွေပေးချေမှုကို ပိုမိုအလေးပေးအကောင်အထည်ဖော်နေပြီး၊ ငွေသားစီမံခန့်ခွဲမှု အစီအစဉ်များ အတိုင်း Digital Platform များ တည်ဆောက်ထားပါတယ်။ ဘဏ်များမှ Payment Platform များ တည်ဆောက်လျက်ရှိပြီး၊ လက်ရှိတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတကာငွေပေးချေမှုတွင်လည်း ဘဏ်များမှတစ်ဆင့် ဆောင်ရွက်နိုင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ်များအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ယခင်ကတည်းက အကြိမ်ကြိမ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဥပမာ - Special Account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်။ ဒါ့အပြင် ‌ငွေပေးချေမှုများ လျင်မြန်စွာ အဆင်ပြေနိုင်စေရန်အတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြစ်သည့် Electronic Card များဖြင့် လည်းကောင်း၊ ဘဏ်များ၏ မိုဘိုင်းလုပ်ငန်းနှင့် Mobile Pay များ၊ Internet ဘဏ်လုပ်ငန်းများ၊ Mobile Wallet များ အသုံးပြု၍ ငွေလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါတယ်။ ဒါကြောင့် ငွေပေးချေမှုများနှင့် ငွေကြေးလွှဲပြောင်းခြင်းများအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပြီး၊ စိုးရိမ်ပူပန်မှု မရှိကြပါရန် ပြောကြားလိုပါတယ်။

အပြည့်အစုံကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။

11 Jul 2024

ဘဏ်များမှ ငွေသားထုတ်ယူမှု၊ ငွေကြေးကဏ္ဍများနှင့် စပ်လျဉ်း၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် Eleven Media တို့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား မေးမြန်းသည့် မေးခွန်းနှင့်အဖြေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် website တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

၁) မေး။ ဒီရက်ပိုင်းအတွင်း ဘဏ်များရှေ့တွင် ပြည်သူများ ငွေထုတ်ယူနိုင်ရေးအတွက် တန်းစီနေတာ နေရာတော်တော်များမှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါသလဲ?

ဖြေ။ လတ်တလောဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို မလိုလားသော သတင်းမီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကို ထောက်ခံအားပေးသူများက လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို လှုံဆော်ရေးသားမှုများအား ဆက်တိုက်ပြုလုပ်နေခဲ့ပြီး၊ ယင်းသတင်းများအနက် နယ်ဘဏ်ခွဲအချို့မှာ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်တိုက်ခိုက်လုယက်ဖျက်ဆီးမှုများကိုအခွင့်ကောင်းယူ၍ အဆိုပါသတင်းများကို ဓါတ်ပုံများနှင့်တကွဖော်ပြပြီး ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူ၍ မရတော့သယောင် သွေးထိုးလှုံဆော်ရေးသားမှုများကြောင့် ပြည်သူများစိုးရိမ် ပူပန်မှုများမြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းလို့ ပြောကြားလိုပါတယ်။

၂) မေး။    ယခုလတ်တလောအခြေအနေများအရ ဗဟိုဘဏ်အနေဖြင့် ဘဏ်တွေမှာ အများပြည်သူ ငွေသားထုတ်ယူမှုအပေါ် ကန့်သတ်လိုက်ပြီ ဆိုတာ ဟုတ်ပါသလား?

ဖြေ။    မဟုတ်ပါ။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ရေးအတွက် ဘဏ်များမှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှလည်း ပြည်သူမှအပ်နှံထား သည့် ငွေများ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးအပေါ်  ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

၃) မေး။ Special Account တွေကနေ အချိန်မရွေး ငွေကြိုက်သလောက် ထုတ်ယူနိုင်တယ်လို့ နားလည်ထားပါတယ်။ ဒီရက်ပိုင်း Special Account တွေမှ ငွေထုတ်ယူမှုကန့်သတ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေပါတယ် ၊ မှန်ပါသလား? မြေပြင်မှာ ငွေသွားထုတ်တဲ့အခါမှာ တန်းစီနေပြီး ကိုယ့်အလှည့်ရောက်သည့်အခါမှာ လိုချင်သလောက်မရ တော့ခြင်း၊ နောက်ရက်မှလာထုတ်ရန် ထပ်မံချိန်းဆိုခြင်းများ ကြုံတွေ့ နေရသည့်အပေါ် ဘာများပြောချင်ပါသလဲ?

ဖြေ။  အပ်နှံငွေရဲ့အနေအထားအရ New Account (Special Account) ဆိုပါက ငွေသား ထည့်သွင်းခဲ့သည့်ပမာဏအတိုင်း ငွေသားထည့်သွင်း ခဲ့သည့် ဘဏ်များမှာ ပြန်လည် ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ယူသူများပါက ဘဏ်အနေဖြင့် ၎င်းတို့၏ ငွေသိုလှောင်ခန်း အကျယ်အဝန်း ပေါ်မူတည်၍ ငွေသားများထားရှိရသည့်အတွက် ထုတ်ပေးရန် ငွေပမာဏများကို စီစဉ်ဖို့လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုသည့်ပမာဏကို ဘဏ်သို့ကြိုတင် အသိပေး အကြောင်းကြားထားရင် အဆင်ပြေမှာ ဖြစ်ပါတယ်။

၄) မေး။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ်ကန့်သတ်ချက် မထားရှိဘဲ ငွေသားထုတ်ပေးခြင်းများကို ဆောင် ရွက်ပေးလျက်ရှိတယ်လို့ပါရှိပေမယ့် လက်တွေ့သွားရောက် ထုတ်ယူသည့်အခါတွင် အချို့ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ်ချက်တွေရှိနေလို့ ဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ?

ဖြေ။    အများပြည်သူအနေဖြင့် မိမိအပ်နှံထားသည့်  အပ်နှံငွေအမျိုးအစားပေါ် မူတည်ပြီး ဘဏ်မှ ငွေထုတ်ယူရာမှာ ကွဲပြားမှုများရှိနိုင်ပါတယ်။ Special Account ဆိုပါက မိမိငွေသား ထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစုဘဏ်စာရင်း (Saving Account) ဆိုပါက တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာဖြစ် ပါတယ်။ စာရင်းသေအပ်ငွေ (Fixed Deposit) ဖြစ်ပါက သက်တမ်းပြည့်မည့် အချိန်မှသာ ငွေထုတ်ယူနိုင်မှာဖြစ်ပါတယ်။ Saving Account အပါအဝင်  အပ်ငွေစာရင်းအဟောင်းများ နှင့်ပတ်သက်၍ ဘဏ်များမှ ငွေထုတ် ယူရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေး အစီအစဉ်သတ်မှတ်ချက် ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြစ်သော မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ် လုပ်ငန်းများ၊ Account Transfer များဖြင့် ဘဏ်ဝန်ဆောင်မှုများအား အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။

၅) မေး။ ပြည်တွင်း/ပြည်ပမီဒီယာများနှင့် လူမှုကွန်ယက်များတွင် သွေးထိုးလှုံဆော်မှုနှင့် ဝိသမ လောဘသားများ၏ ကိုယ်ကျိုးစီးပွားရှာ သွေးထိုးမှုများကြောင့် ပုံမှန်ပြန်လည်လည်ပတ်နေသည့် ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီး ငွေတွေထုတ်ပါတယ်။ ဘဏ်တွေ မပြိုလဲဖို့နှင့် ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ်က ဘယ်လိုအာမခံချက်တွေ ပေးဖို့ရှိပါသလဲ?

ဖြေ။ ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလတွင်သာမက ကောလဟလဖြစ်တိုင်း ဗဟိုဘဏ်က ပြည်သူများ၏ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံရှိသည်ကို အကြိမ်ကြိမ်ပြောကြားခဲ့ပါကြောင်း၊ ဘဏ်များက အဆိုပါအပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင် ရန် ဗဟိုဘဏ်၌ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိတွင် ဘဏ်များက အနည်းဆုံးလိုအပ်ချက် ထက်ပို၍ ဗဟိုဘဏ်ထံ အပ်နှံထားပါကြောင်း၊ ဒါ့အပြင် ပြည်သူလူထုအား ငွေပြန်လည်ထုတ်ပေးနိုင်ရန် ငွေကြေးလွယ်ကူမှုအချိုးများဖြင့်လည်း စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များအနေဖြင့် အပ်နှံငွေများ အပြည့်အဝ ပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါကြောင်း၊ ဗဟိုဘဏ် အနေဖြင့် ဘဏ်များကို စောင့်ကြည့်ကြပ်မတ်လျက်ရှိသောကြောင့် ဘဏ်များအနေဖြင့်လည်း အဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆက်လက် ဝန်ဆောင်မှုပေးလျက်ရှိသည့်အတွက် ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ရန် လိုအပ်ပါတယ်။

၆) မေး။ ဘဏ်ကပိုက်ဆံတွေ အလုအယက်ထုတ်အောင် ကောလဟလတွေထုတ်ပြီး ရွှေနှင့် ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက် ရောက်အရေးယူမည့် အစီအစဉ်များ ရှိပါသလား?

ဖြေ။    ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားသည့် ငွေကြေးကျပ်သန်း ၁၀၀ ထက်ကျော်လွန်၍ ထုတ်ယူသည့်ပမာဏ အားလုံးကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးအဖွဲ့(FIU)ထံ ပေးပို့ရကြောင်း၊ ယခုငွေထုတ်များနေသည့်လူများအားလုံးကို ဗဟိုဘဏ်၊ စစစ၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်၍ ဈေးကစားမှုများ ပါဝင်ပတ်သက်နေပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ်ယူရန် လှုံဆော်ရေးသား၊ ဝါဒဖြန့်နေသူများကိုလည်း  ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက် ဟန့်တားသောပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

၇) မေး။ ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေ မြင့်တက်မှုအပေါ် ဗဟိုဘဏ်အနေဖြင့် မည်သည့် သတင်း စကားပါးလိုပါသလဲ?

ဖြေ။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ပေးချေမှုများ တိုးတက်စေရန်အတွက် ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းများဖြစ်သည့် အီလက်ထရောနစ် ကတ်များဖြင့်လည်းကောင်း၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်း Pay များ၊ အင်တာနက် ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များအသုံးပြု၍ အများပြည်သူအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများ အသုံးပြုပြီး လုံခြုံစိတ်ချသည့် စရိတ်စက သက်သာစွာဖြင့် အကျွမ်းတဝင် ကောင်းမွန်စွာလည်ပတ်ပြီး ငွေပေးချေမှု ပြုလုပ်နိုင်ရန် ပြည်သူများက သုံးစွဲနေပြီး တိုးတက်မှုများလည်း နေ့စဉ် တွေ့ရှိနေရပြီး ဖြစ်ပါတယ်။ ဘဏ်စနစ်ကို ကောင်းမွန်စွာ အသုံးပြုနေသည့် လုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်များသာမက ကျေးလက် ဒေသရှိ ပြည်သူများကလည်း (ဥပမာ KBZ Pay ) ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီးဖြစ်ပါတယ်။ လက်ရှိကောလဟလနှင့် ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောက်ယှက်နေသော အဖျက်မီဒီယာများကြောင့် ပြည်သူများအနေဖြင့် အဖျက်မီဒီယာများ၏ သွေးထိုး လှုံဆော်မှုများကို ယုံကြည်ပြီး ငွေသားကိုင်ဆောင်မှုကို ပြန်လည်၍ လိုက်ပါရန်မလိုအပ်ပဲ ပုံမှန်အတိုင်း မိမိတို့၏ ဘဏ်စနစ်နှင့် ငွေပေးချေ မှုများကို ဆက်လက်သုံးစွဲရန် လိုအပ်ပါတယ်။

ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆုံးရှုံးနိုင်ခြေ များကို အခြေခံပြီး စောင့်ကြပ်ကြီးကြပ်နေသည့်အတွက် အများပြည်သူ၏ အပ်နှံငွေများ ဆုံးရှုံးမှု မရှိနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပြည့်အဝအာမခံပါကြောင်း၊ ဘဏ်များနှင့် ဗဟိုဘဏ်ထံတွင် ငွေသားအလုံအလောက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှု ပေးသည့် (Core Banking System) အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားပါက ပြည်သူများအနေဖြင့် အပ်ငွေများ ထုတ်ယူ၍ မရတော့သည့်အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများရယူနိုင်ပြီး၊ မိမိအပ်နှံထားသည့် အပ်ငွေ အမျိုးအစားအလိုက် ငွေသားထုတ်ယူနိုင် ပါတယ်။

ဘဏ်များတွင် ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့် အချိန်တွင်မဆို မိမိ၏ငွေပင်ဖြစ်ပြီး၊ အဆိုပါ ငွေများသည် ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင် အမည်အတိအကျဖြင့် ရှိနေကာ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တာဝန်ယူမှုနှင့် အကာအကွယ် ပေးမှု အပြည့်အဝရရှိနေမှာ ဖြစ်ပါတယ်။

ယခင်အတွေ့အကြုံများအရ ကောလဟလများကြောင့် ပြည်သူများက ဘဏ်များမှ ငွေများစုပြုံထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကကောင်းမွန်စွာစီမံထိန်းကျောင်း နိုင်ခဲ့ပြီး ဘဏ်များ၏ ဝန်ဆောင်မှုများ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ ပြည်သူများ စိုးရိမ်ပူပန်မှုလွန်ကဲပြီး၊ ငွေများကိုလိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓါးပြတိုက်ခြင်းများကို ခံရနိုင်ပြီး မိမိတို့ငွေများဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

ဘဏ်များ၏ ပြင်ပတွင် ငွေသားများလိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေဈေး၊ ရွှေဈေး၊ငွေဈေးကစားသူများ၏ လှည့်ကွက်တွင် ပါဝင်ခဲ့ပါက ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများ ဖြစ်ပေါ်လာနိုင်ကာ ပြည်သူလူထုသာလျှင် အခက်အခဲဒုက္ခရောက်နိုင်ပြီး စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများကို ပျက်ပြားစေနိုင်မှာဖြစ်တဲ့အတွက် အဖျက်သမားများ၏ သတင်းမီဒီယာများက အခြေအမြစ် မရှိရေးသား ဖော်ပြ နေသည်ကို စဉ်းစားချင့်ချိန် ပြီးပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ယခင်ကလည်း ဘဏ်များထံမှ မိမိငွေများကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေ့စဉ် အချိန်နှင့်အမျှ ဘဏ်များ၏ ငွေသွင်း/ငွေထုတ် အပ်နှံငွေအခြေအနေများကို စောင့်ကြည့်ထိန်းကျောင်း နေတာကြောင့် ပြည်သူလူထု အနေဖြင့် ကောလဟလအပေါ် နားယောင်နေရန် မလိုအပ်ဘဲ ယုံကြည်စွာဖြင့် အများ ပြည်သူအကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားလိုပါတယ်။

လုံခြုံမှုရှိပြီး လူအများသုံးစွဲနိုင်သည့် ATM များတွင်လည်း ငွေများဖြည့်တင်းပေးထားပြီး ငွေကြေးစနစ်ကို ထိန်းချုပ်ရာတွင်လည်း နိုင်ငံတကာနည်းတူ စည်းမျဉ်းစည်းကမ်းအတိုင်း အသေးသုံးငွေများအား ATM များတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းကောင်း၊ ပြည်တွင်သုံးကတ်စနစ်ဖြင့်လည်းကောင်း၊ CBM Net System ဖြင့် တစ်ဘဏ်မှ တစ်ဘဏ် ကန့်သတ်ချက် မရှိဘဲ လွတ်လပ်စွာ ငွေလွှဲပြောင်းနိုင်ပြီး ပြည်သူများမှ Account Transfer နည်းများဖြင့်လည်းကောင်း ငွေပေးချေမှု နည်းလမ်းများကို အကန့်အသတ်မရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈) မေး။ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေမှာ ဘဏ်အချို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ငွေကြေးကို လက်နက်ကိုင် အဖွဲ့ အစည်းအချို့က သိမ်းသွားတာမျိုးရှိတယ်။ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီမံဆောင်ရွက်သွားဖို့ရှိ ပါသလဲ?

ဖြေ။    အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်များ၏ Customer များက မိမိတို့ ငွေကြေးများကို အထောက်အထားများဖြင့် တင်ပြလာပါက ဘဏ်များ အနေဖြင့် ထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ထားရှိကြောင်း ပြောကြားလိုပါတယ်။ ဘဏ်များတွင်လည်း ၎င်းတို့၏ Customer များ၏ စာရင်းများ သိမ်းဆည်းထားပြီးဖြစ်၍ ဘဏ်များ၏ မည်သည့်ဘဏ်ခွဲမဆို တိုက်ဆိုင် စစ်ဆေးဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

 

ရည်ညွှန်း။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် https://www.cbm.gov.mm/content/8312

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

English Version

The Global New Light of Myanmar published as below,

The Central Bank of Myanmar (CBM) fully guarantees that money deposited by the public will not be lost and other branches of a bank will conduct verifications upon submission of evidence for money lost in recent attacks on some banks, according to Deputy Governor Dr Lin Aung.

As CBM keeps a close watch based on possible risks, it can fully guarantee that there will be no loss of public deposits and CBM as well as other banks have a sufficient amount of cash using a Core Banking System that connects among branches to provide services, he added.

If a branch of any bank has to cease services for various reasons, it will not result in a situation where the public cannot withdraw their money. Customers can still withdraw money at any branch of the bank nationwide based on the type of their deposits.

For money deposited with full trust in the banks, it will still be recorded in detail with a specific number and specific owner’s name under any circumstances at any time. In addition, customers are entitled to enjoy CBM's accountability and its comprehensive protection, it is learnt.

Moreover, CBM has also arranged for the banks to reimburse money lost by the customers in recent attacks on some banks upon submission of evidence for public deposits made in those banks.

Account verification can be handled at any branch for such withdrawals, as all banks have the account data of affected customers.

If it is a new account (Special Account), the same amount of cash deposited can be withdrawn from the same bank where it was deposited. As the amount of cash in stock varies according to the size of a bank's vault, if there are many customers wishing to withdraw, it would be advisable to notify the bank in advance of the amount required for convenient withdrawals.

Currently, people are widely using digital payment methods like electronic cards, mobile pay, internet banking and mobile wallets with day-to-day progress and those systems can also be utilized more everywhere like cash usage.

In controlling the monetary system, ATMs that are safe and accessible to the public are also supplied with cash for withdrawals of small expenses up to a specified amount in line with the rules and regulations of international standards. In addition, people are free to carry out money transactions as well as account transfers from one bank to another by digital method, local card system or CBM Net System without any restrictions.

Having more than enough money in circulation outside the banks can encourage the tricks of speculators on property prices, gold and exchange rates leading to a high inflation rate. It may also invite a situation where a certain percentage of the commission has to be given illegally to withdraw one's own money. — ASH/ZN

Ref:  The Global New Light of Myanmar Click here

08 Jul 2024

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်အပ်ပါသည်။

အသိပေးထုတ်ပြန်ချက် အပြည့်အစုံကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။   

28 Jun 2024

မြန်မာနိုင်ငံဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားရှိသည့် လမ်းညွှန်မှုများနှင့်အညီ စည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်လျက် ရှိပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ဘဏ်များသည် Regulatory Authority ဖြစ်သည့် ဗဟိုဘဏ်မှချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံဘဏ်များအသင်း၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။   Myanmar   English

27 Jun 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍ အတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs  လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်းကို ပြည်သူများ စိုးရိမ်မှုမရှိစေရန် မကြာခဏ ထုတ်ပြန်ပေးနေပါသည်။

ယခုအခါ နိုင်ငံတော်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမားအုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne ၊ YouTube Channel များဖြစ်သော Yebaw Shan Lay ၊ Big Boss ၊ Rc David ၊ Khit Thit Media တို့သည်လည်း မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့အဖျက်သမားများက အစိုးရနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်၍ မကြာခဏ ရေးသားဖြန့်ဝေနေသော လူမှုကွန်ယက်စာမျက်နှာများကို လက်ခံယုံကြည် ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာ မလိုကြောင်း ပြည်သူလူထုအနေဖြင့်လည်း အဖျက်သမားမီဒီယာများ၊ အဖျက်သမားအုပ်စုများကို ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှု၊ ပြောကြားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့်  ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင် ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့် အဝအကာအကွယ် ပေးထားပါကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက် အပြည့်အစုံကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။ 

06 Jun 2024

AYA Bank proudly announced the official commissioning of Thazi 30MW Solar Power Plant, financed under AYA Green Financing Program. On 23rd May 2024, the Thazi and Thapyaywa solar-energy power plants in Mandalay Region were officially launched by the Ministry of Electric Power. The opening ceremony was held in Nay Pyi Taw, marking a significant step towards achieving Myanmar’s Nationally Determined Contributions (NDCs) Plan 2021. 

Aiming to promote and support Sustainable Consumption and Production (SCP) in Myanmar, AYA Bank expands its sustainable finance portfolio for Solar Power Plant projects. Myanmar plans to achieve national electrification by 2030 and generate 11% of electricity from renewable sources such as hydro and solar power. Since Myanmar is rich in renewable energy sources from wind power and sunlight available all seasons in many parts of the country, we take the opportunity to support energy requirements through our green financing solution.  

In 2023, AYA Bank proudly provided green financing facility to Great Success Energy Co., Ltd. for the development of 30MW Solar Power Plant, located in the Ywar Gyi and Ywar Pale Village Tract, Thazi Township of Meikhtila District, Mandalay Region. The project construction commenced from 2023 and it entered into commercial operation in 2024. The newly opened Thazi and Thapyaywa facilities each have an installed capacity of 30 megawatts, generating a combined total of 148 million kilowatt-hours of electricity annually. Nearly 99,000 households will get access to clean and renewable power following the launch of two solar power plants.

AYA Bank is honored to take part in Myanmar’s transition to renewable energy. Our financing solutions for our clients have been instrumental in the buildout of the country’s renewable energy sector. We are committed to achieving a prosperous, inclusive, resilient, and sustainable Myanmar while focusing on responsible business practices.

29 May 2024

AYA Bank has partnered with Myanmar Imperial University (MIU) to provide educational benefits for students. A major component of this partnership was the AYA Education Loan, enhancing educational opportunities for Myanmar's youth. This collaboration was announced on 2nd May 2024, at the 'AYA and MIU Signing Event', by U Nay Lin Htut, Chief Business Officer, AYA Bank, and U Zarni Lin, Director of Retail Banking, AYA Bank, alongside MIU's founders, Daw Poht Poht Kyi, and U Phyo Maung Maung. 

The AYA Education Loan offers funding for a wide range of educational programs, including MBA studies at MIU, empowering individuals to advance their careers. AYA Bank is always eager to enter into a strategic partnership with colleges and universities to provide high-quality financial products to students. We look forward to a future of greater educational access and success for Myanmar's youth.

08 May 2024

On 30th April 2024, AYA Bank celebrated a pivotal moment of the successful signing of our partnership agreement with Peace Myanmar Electric Holding Co., Ltd. (PMEH). Leading this significant event were U Myat Min Htin Kyaw, Deputy Chief Executive Officer of AYA Pay, and U Nicholas Naing Myo Mon, Chief Operating Officer of PMEH.

The welcome address was delivered by Daw Yvonne Nang Saw Kham Phyu, Director of Card and Payment Services, and U Naing Myo Mon from PMEH. This partnership empowers AYA Pay customers with the flexibility to purchase IT and mobile products from PMEH through convenient 'Buy Now Pay Later' plans, offering monthly installment options. Additionally, AYA Bank customers will soon enjoy exclusive 'Simple Pay' options with AYA Credit Cards, featuring a 0% interest on 6-month installment plans for their Electronic and Mobile purchases from PMEH.

At AYA Bank, we remain dedicated to enhancing the payment experience with utmost security and convenience. Stay tuned as we continue to innovate and expand our offerings to better serve you.

 

03 May 2024

We are pleased to announce a significant milestone as we formalize e-commerce merchant service agreement between AYA Bank PCL and Grab on 9th April 2024. This event signifies a strategic step forward in our commitment to enhancing the digital payment landscape in Myanmar.    

This collaboration positions AYA Bank as the first and only local acquirer in Myanmar integrated into Grab’s extensive network, expands payment options for Grab users in Myanmar, allowing them to utilize Visa, Mastercard, and JCB cards across the platform, simplifying the checkout process and ensuring secure transactions.

The signing ceremony commenced with a welcome address from U Myat Min Htin Kyaw, Deputy Chief Executive Officer of AYA Pay, and Daw Tresa Hein, Country Head of Grab Myanmar. The agreement was signed by Daw Nang Saw Kham Phyu, Director of Cards, AYA Bank, witnessed by U Nay Soe Ya, Director of Merchant Payments, AYA Bank, and On Grab's side, Daw Tresa Htet Htet Myo Hein, Country Director, Grab Myanmar, signed the agreement, with the presence of Daw Su Mon Kyaw, Head of Marketing, Grab Myanmar, further solidifying the partnership between our organizations.

We view this partnership as a step towards realizing our shared vision of a cashless society and look forward to further collaborations that will enhance the digital ecosystem in Myanmar.

12 Apr 2024